လိုအပ်မှုများ

အကူအညီ လိုအပ်နေသော ကလေးငယ်များအား မေတ္တာ​ပြ ကူညီ​နိုင်​ပါ​ကြောင်း သတင်းကောင်း​ပါး​အပ်​ပါ​သည်။

အမိနာဒ

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ပင်တောက်ကျေးရွာတွင် နေထိုင်သော အခါလူမျိုး ဖြစ်သည်။ အဖ ဦးကျော်စိုး အမိ ဒေါမေနှင်းတို့မှ ၂၀၀၇ ခုနှစ် ဇူလိုင် ၅ ရက် သမီးလေး အမိနာဒကို မွေးဖွားခဲ့ပါသည်။ မောင်နှမ သုံးယောက်တွင် အငယ်ဆုံးသမီးလေး ဖြစ်သည်။ အသက် ၂ နှစ် အရွယ်တွင် အပြင်းဖျားကာ မျက်စိကွယ်သွားခြင်း ဖြစ်ပါသည်။ မိဘများမှာ တောင်ယာလုပ်ငန်း လုပ်ကိုင်သူများဖြစ်၍ သမီးလေး အမိနာဒကို ရန်ကုန် မျက်မမြင်ကျောင်း (ခဝဲခြံ) သို့ ဖခင်ကိုယ်တိုင် ၂၀၁၃ ခုနှစ်တွင် လာရောက်ပို့ဆောင်ခဲ့ပါသည်။ ကျောင်းသို့ ရောက်သည့် အချိန်တွင် မြန်မာစကား မပြောနိုင်သဖြင့် စတင်သင်ယူခဲ့ရပြီး ယခုအခါ တတိယတန်းတွင် ပညာဆည်းပူးလျှက် ရှိပါသည်။ မိဘများအနေဖြင့် ၎င်းတို့ သမီးလေးအား မထောက်ပံ့ပေးနိုင်ပါသဖြင့် သမီးလေး၏ အနာဂတ်အတွက် မေတ္တာပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

နန်းမိုးကြည်

ရှမ်းပြည်မြောက်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာတွင် နေထိုင်သော ပအို့ လူမျိုးများ ဖြစ်ကြသည်။ ဦးတကြပ် ဒေါနန်းဖီးတို့မှ သမီးလေး နန်းမိုးကြည်ကို ၂၀၀၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် မွေးဖွားခဲ့ပြီး သားသမီး ၄ဦးအနက် အငယ်ဆုံးသမီးလေး ဖြစ်ပါသည်။ သမီးလေး နန်းမိုးကြည်မှာ ၂ နှစ် ၆လ အရွယ်တွင် မျက်စိနာကာ တောင်ပေါဒေသတွင် ဆေးကုသမှု မရသဖြင့် မျက်စိကွယ်ခဲ့ရပါသည်။ ၎င်း၏ အနာဂတ် စိတ်ချရရန်အတွက် မိခင်ကိုယ်တိုင် ကျောင်းတွင် လာရောက် အပ်နှံခဲ့ပါသည်။ မိဘများမှာ တောင်ယာလုပ်ငန်း လုပ်ကိုင်သူများ ဖြစ်သဖြင့် သမီးလေးအား မထောက်ပံ့ပေးနိုင်ပါသဖြင့် သမီးလေး၏ အနာဂတ်အတွက် မေတ္တာပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မပန်းအိဖြူ

မင်္ဂလာဒုံမြို့နယ် ဘောဂလမ်း ဘောဂ ရပ်ကွက်တွင်နေထိုင်သော မ ပန်းအိဖြူသည်၁၃.၅.၂၀၀၄ တွင် မွေးဖွားခဲ့ပြီး မွေးရာပါ မျက်မမြင်တဦးဖြစ်ပါသည်။မိဘနှစ်ပါးစလုံးမှာ မပန်းအိဖြူ ငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့သဖြင့် အဘွားဖြစ်သူ ဒေါ်ကြည်မြင့်နှင့် အတူနေထိုင်လာခဲ့ပြီး အဘွားဖြစ်သူမှာလည်း ကွယ်လွန်သွားခဲ့ပါသည်။ လက်ရှိတွင် မပန်းအိဖြူအား ကူညီစောင့်ရှောက်မည့်သူမရှိပါ။ ၂၀၁၅-၂၀၁၆ တွင် ရန်ကုန်မျက်မမြင်ကျောင်းသို့ Sister တဦးမှလာရောက်အပ်နှံခဲ့ပါသည်။ယခုတွင် မူလတန်းကြိုတန်းတွင် ပညာသင်ကြားလျှက်ရှိပါသည်။ ထို့ကြောင့်သမီးငယ် မပန်းအိဖြူအား မေတ္တာပြ ကူညီနိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။

မဂျီးလိန်

လားရှိုးမြို့မန်မက်ရွာတွင် နေထိုင်သော မဂျီးလိန်သည် ၁၂.၁၁.၂၀၀၀ ခုနှစ်တွင်မွေးဖွားခဲ့ပါသည်။ အသက်(၃) နှစ်အရွယ်တွင် ၀က်သက်ရောဂါဖြင့် မျက်စိကွယ်ခဲ့ရပါသည်။ မိဘများမှာ စစ်ရှောင်စခန်းတွင် နေထိုင်လျှက်ရှိပါသည်။ မဂျီးလိန်သည် ၂၀၁၅-၂၀၁၆ စာသင်နှစ်တွင် ရန်ကုန်မျက်မမြင်ကျောင်းသို့လာရောက်အပ်နှံခြင်းခံခဲ့ရပါသည်။ လက်ရှိတွင်အသုံးလုံးကို အပက်တကုတ်ကြိုးစားသင်ယူနေပါသည်။ ထို့ကြောင့်သမီးငယ်မဂျီးလိန်အား မေတ္တာပြကူညီနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ယွား​ဟေ​ဘ​လု

သံတောင်​ကြီး​မြို့​နယ် (ခဲ​ချောင်း​ရွာ) လိပ်​သို​ရာ​ဒို​တွင် နေထိုင်​သော စော​ယွား​ဟေ​ဘ​လု​သည် ၁.⁠၁.၂​၀⁠၀​၈ တွင် မွေး​ဖွား​ခဲ့​ပြီး မွေး​ရာ​ပါ မျက်​မ​မြင််​တ​ဦး ဖြစ်​ပါ​သည်။ မွေး​ချင်း (၃)ဦး​ရှိ​သည့်​အနက် စော​ယွား​ဟေ​ဘ​လု​နှင့် (၄)နှစ်​အရွယ် ညီ​ငယ်​သည် အမြင်​အာရုံ ချို့တဲ့​ကြ​ပါ​သည်။ မိဘ​များ​မှာ တောင်ယာ​လုပ်​ငန်း ပိုင်​ရှင်​များ​ထံ​တွင် ကျ​ပန်း​လုပ်ကိုင်​ပြီး ့​အသက်မွေး​ဝမ်း​ကြောင်း ပြု​ကြ​ပါ​သည်။ မိဘ​များ​မှာ​ပညာသင်​ကြား​ရန် ဆင်း​ရဲ့​နွမ်းပါး​သော မိသား​စု​ဖြစ်​ပါ​သည်။ စော​ယွား​ဟေ​ဘ​လု​သည် ၂​၀​၁​၅-၂​၀​၁​၆ စာ​သင်​နှစ်​တွင် ရန်ကုန်​မျက်​မ​မြင်​ကျောင်း​သို့ ကျောင်းသား​အဖြစ် လာ​ရောက်​အပ်​နှံ​ခြင်း ခံ​ခဲ့​ရ​ပါ​သည်။ လက်​ရှိ​တွင် မူလ​တန်း​ကြို​တန်း​တွင် ပညာသင်​ကြား​လျှက် ရှိ​ပါ​သည်။ ထို​ကြောင့် သား​ငယ်​ယွား​ဟေ​ဘ​လု​အား မေတ္တာ​ပြ ကူညီ​နိုင်​ကြောင်း သတင်းကောင်း ပါး​အပ်​ပါ​သည်။

မောင်​ချစ်​ထူး​ခိုင်

မောင်​ချစ်​ထူး​ခိုင်​ကို (၁​၅.⁠၅.၂​၀⁠၀​၆) တွင် အဖ ဦး​ခင်​ရီ၊ အမိ ဒေါ်​ခင်​စ​မန်းမော်​တို့​မှ ပန်း​တနော်​မြို့ ချောင်း​ကလေး ကျေးရွာ​တွင် မွေး​ဖွား​ခဲ့​ပါ​သည်။ ၎င်း​သည် မွေး​ရာ​ပါ မျက်စိ​မြင်​သူ​ကလေး ဖြစ်​ပါ​သည်။ (၃​၀.၆.၂​၀​၁​၁)တွင် ရန်ကုန်​မျက်​မ​မြင်​ကျောင်း​သို့ မိ​ခင်​ကိုယ်တိုင် လာ​ရောက်​အပ်​နှံ့​ပြီး မူ​ကြို​အတန်း​တွင် ပညာ​ဆည်း​ပူး​လျက် ရှိ​ပါ​သည်။ ဗုဒ္ဓ​ဘာသာ​ဝင် ဗမာ​လူ​မျိုး​ဖြစ်​ပြီး မိဘ​များ​မှာ လယ်ယာ​လုပ်ကိုင်​သူ​များ ဖြစ်​သ​ဖြင့် ကလေး​၏ ကျောင်း​စရိတ်​ကို မတတ်​နိုင်​သော​ကြောင့် မောင်​ချစ်​ထူး​ခိုင်​အား ထောက်ပံ့​ခြင်း​ဖြင့် မေတ္တာ​ပြ​နိုင်​ပါ​ကြောင်း သတင်းကောင်း ပါး​အပ်​ပါ​သည်။

မ​အေး​အေးမော်

လပ္ပတ္တာ​မြို့​နယ်၊ မြစ်​ပေါက်​ရွာ​မ​တွင် နေထိုင်​သော မ​အေး​အေးမော်​သည် (၂​၇.၉.၁​၉⁠၉​၅)နေ့​တွင် ဖွားမြင်​ခဲ့​ပြီး မွေး​ရာ​ပါ မျက်​မ​မြင်​တစ်​ဦး ဖြစ်​ပါ​သည်။ မိဘ​နှစ်​ပါး​မှာ (၂​၀⁠၀​၈)ခု​နှစ် နာ​ဂစ်​မုန်း​တိုင်း​အတွင်း ဆုံးပါး​သွား​ခဲ့​သ​ဖြင့် အဒေါ်​ဖြစ်​သူ​နှင့် နေထိုင်​ရင်း​၂​၀​၁​၃-၂​၀​၁​၄ စာ​သင်​နှစ်​တွင် ရန်ကုန်​မျက်​မ​မြင်​ကျောင်း​သို့ ကျောင်း​သူ​အဖြစ် လာ​ရောက်​အပ်​နှံ​ခြင်း ခံ​ခဲ့​ရ​ပါ​သည်။ မ​အေး​အေးမော်​သည် မျက်​မ​မြင် ဖြစ်​ရုံ​သာ​မက​ပါ ကိုယ်​ခန္ဓာ​မ​သန်စွမ်း​မှု​ပါ ရှိ​နေ​သော သမီး​ငယ်​တစ်​ဦး ဖြစ်​ပါ​သည် လက်​ရှိ​တွင် အသုံး​လုံး​နှင့် အနှိပ်​ပညာ​ကို အပတ်​တ​ကုတ် ကြိုးစား​သင်​ယူ​နေ​သော သမီး​ငယ် မ​အေး​အေးမော်​အား မေတ္တာ​ပြ ကူညီ​နို​ုင်​ပါ​သည်။

ဖိုး​သာ​ထူး

မောင်​ဖိုး​သာ​ထူး​ကို (၃.၂.၂​၀⁠၀​၆) ခု​နှစ်​တွင် ကျုံ​လဟာ​ကျေးရွာ ကျုံး​တိုင်း​ကြီး​အုပ်စု၊ ပန်း​တနော်​မြို့​နယ်​တွင် အဘ​ဦး​ခင်​မောင်ဇော်​နှင့် အမိဒေါ်​အေးအေး​ခိုင်​တို့​မှ ဖွားမြင်​ခဲ့​ပါ​သည်။ မွေး​ရာ​ပါ မျက်​မ​မြင်​ဖြစ်​ပြီး မိဘ​များ​မှာ ကရင်​ဗုဒ္ဓ​ဘာသာ​ဝင်​များ​ဖြစ်​ကာ ဥယျာဉ်​လုပ်သား​များ ဖြစ်​ကြ​သည်။ ထို​သား​လေး​၏ ရှေ့​ရေး​အတွက် ပညာသင်​ယူ​နိုင်​ရန် မိဘ​များ​မှ (၇.၆.၂​၀​၁​၃) နေ့​တွင် ရန်ကုန်​မျက်​မ​မြင်​ကျောင်း (ခဝဲ​ခြံ)သို့ လာ​ရောက် အပ်​နှံ​ခဲ့​ကြ​ပါ​သည်။ (၂​၀​၁​၃ – ၂​၀​၁​၄) ပညာသင်​နှစ်​အတွင်း သူငယ်​တန်း​လေး​တွင် စတင်​သင်ကြား​လျှက် ရှိ​ပါ​သည်။ စာပေ​ပညာ​ကို​လည်း စိတ်ဝင်စား​ပြီး လိမ္မာ​ရေးခြား​ရှိ​သော ကလေး​ငယ်​ဖြစ်​ပါ​သည်။ မောင်​ဖိုး​သာ​ထူး​၏ ရှေ့​ဆက်​ပညာ​ရေး ဖြောင့်​ဖြူး​နိုင်​ရန်​အတွက် ပါ​၀င်​မေတ္တာ​ပြ လှူဒါန်း​နိုင်​ပါ​ကြောင်း သတင်းကောင်း ပါး​အပ်​ပါ​သည်။

အေးချမ်း​ဦး

အဖ​ဦး​အား​ဆာ​ဖာ​နှင့် အမိဒေါ်​နွယ်⁠နွယ်​ဦး​တို့​မှ သမီး​လေး မ​အေးချမ်း​ဦး​ကို ၂​၀⁠၀​၉​ခု​နှစ် နို​၀င်​ဘာ​လ (၂​၂)ရက်​နေ့​တွင် ကျွန်​ဟောင်​ကောင်​ကျေးရွာ၊ သီ​ပေါ​မြို့​နယ်၊ ရှမ်း​ပြည်​မြောက်​ပိုင်း​တွင် မွေး​ဖွား​ခဲ့​ပါ​သည်။ မွေး​ချင်း​နှစ်​ဦး ရှိ​သည့်​အနက် သမီး​ကြီး​ဖြစ်​ပြီး၊ မွေး​ရာ​ပါ မျက်​မ​မြင်​တစ်​ဦး ဖြစ်​ပါ​သည်။ လီ​စူ​လူ​မျိုး၊ ခရစ်ယာန်​ဘာသာ​ဝင် ဖြစ်​ပါ​သည်။ ဖ​ခင်​ဖြစ်​သူ​မှာ ပြောင်းဖူး​စိုက်​သည့် တောင်ယာ​လုပ်​ငန်း​ဖြင့် မိသား​စု​၏ ဝမ်းစာ​ကို ရှာဖွေ​ရ​ပါ​သည်။ မျက်​မ​မြင်​သမီး​လေး​၏ ဘဝ​ရှေ့​ရေး​အတွက် ရန်ကုန်​မျက်​မ​မြင်​ကျောင်း (ခဝဲ​ခြံ)သို့ (၂.၆.၂​၀​၁​၄)နေ့​တွင် မိဘ​ကိုယ်တိုင် လာ​ရောက်​အပ်​နှံ​ခဲ့​ပါ​သည်။ ယခု ပညာသင်​ကြား​လျက် ရှိ​ပါ​သည်။ ဖ​ခင်​မှာ တောင်ယာ​လုပ်သား ဖြစ်​သော​ကြောင့် သမီး​လေး​၏ ပညာ​ရေး​အတွက် ပညာ​ဒါန​ပြု​ကာ မေတ္တာ​ပြ​နိုင်​ပါ​ကြောင်း သတင်းကောင်း ပါး​အပ်​ပါ​သည်။