အဖွဲ့၏ နောက်ခံသမိုင်းကြောင်း

အသင်း၏ ရပ်တည် ဆောင်ရွက်မှု​များ ၊ ကူညီနိုင်မှုများ

ဖွဲ့စည်း‌ဆောင်ရွက်ပုံ

မျက်မမြင်တဦးချင်းအဖြစ်ဝင်‌ရောက်ပိုင်ခွင့်ရှိပြီး ( ၄ ) နှစ်တစ်ကြိမ် ကျင်းပ‌သော နှစ်ပတ်လည် အစည်းအ‌ဝေးမှ မျက်မမြင်များကို ဗဟိုအမှုု‌ဆောင်အဖြစ်‌ ရွေးချယ်တင်‌မြှောက်ခြင်း ၊ မျက်မမြင် များကို ချစ်ခင်ကြင်နာ ကူညီပံ့ပိုးလို‌သော မိတ်‌ဆွေများအားလည်း ( ၄ ) နှစ်တစ်ကြိမ် ဗဟိုအမှု‌ဆောင်အဖြစ်‌ ရွေးချယ်တင်‌မြှောက်ခြင်းများပြု၍ အမှု‌ဆောင်အဖွဲ့အစည်းကို ဖွဲ့စည်းကာ မျက်မမြင်များကိုယ်တိုင် ( By the Blind ) မျက်မမြင်များ၏ အကျိုးအတွက် ( For the Blind ) ဆုံးဖြတ်‌ဆောင်ရွက်ကြပါသည် ။

ရန်ပုံ‌ငွေရှာအစီအစဉ်များ

  • တီးဝိုင်းငှားရမ်းခြင်း
  • ပြက္ခဒိန်ထုတ်‌ဝေ ၊ ဖြန့်ဖြူးခြင်း
  • သင်တန်းခန်းမငှားရမ်းခြင်း
  • ဈေး‌ရောင်းပွဲ
  • PA System ငှားရမ်းခြင်း
  • Multi Media
  • Recording Studio
  • Catering Service

ပြုစုပျိုး‌ထောင်ခြင်း

ဖော်ပြပါလုပ်ငန်းအစီအစဉ်များအားဖြင့်မျက်မမြင်များဘက်စုံဖွံ့ဖြိုးတိုးတက်ပြီးမိမိကိုယ်တိုင်သူတပါးအားမှီခိုရသည့်ဘဝမှလွတ်‌မြောက်လျက်အမိမြန်မာနိုင်ငံ‌တော်ကြီး၏စွမ်းအားစုတစ်ရပ်ဖြစ်လာ‌စေရန်ပြုစုပျိုး‌ထောင်‌ပေးပါသည် ။ သို့ဖြစ်၍ပညာတတ်မျက်မမြင်များ ၊ အသက်‌မွေးဝမ်း‌ကြောင်းပညာတတ်‌မြောက်သူမျက်မမြင်များ‌ပေါ်ထွန်းလာ‌စေပြီးအလုပ်အကိုင်‌နေရာတကျနှင့်လုပ်ငန်းကိုင်ငန်း‌နေရာတကျဖြစ်‌စေပါသည် ။

ရပ်တည်မှု

ဤသို့ပြုစုပျိုး‌ထောင်ရာတွင်မျက်မမြင်များကိုယ်တိုင်ကျပါဝင်နိုင်ခြင်း ၊ နိုင်ငံ‌တော်နှင့်‌စေတနာရှင်မိဘပြည်သူများ၏‌မေတ္တာကရုဏာနှင့်အလှူအ‌ထောက်အမတို့ကိုခံယူခြင်းတို့ဖြင့်ရပ်တည်အ‌ကောင်အထည်‌ဖော်ပါသည် ။ ‌ မေတ္တာ‌စေတနာရှင်တို့မှလှူဒါန်းနိုင်‌သောနည်းလမ်းများ–

  • ရာသက်ပန် ထမင်းတစ်နပ်အလှူ ။
  • ငွေပ‌ဒေသာပင်စိုက်ထူခြင်း ။
  • လစဉ်အလှူ ။
  • မွေးစား‌စေတနာရှင် ။
  • တစ်‌နေ့တာအစားအ‌သောက် အလှူ ။
  • ရိက္ခာ ၊ လူသုံးပစ္စည်းနှင့် ‌ဆေးဝါးအလှူ ။
  • အ‌ဆောက်အဦးအလှူ ၊

အဖွဲ့၏တန်ဖိုးထားမှုများ

  • မျက်မမြင်များဘဝမြှင့်တင်ခြင်း
  • ဝမ်း‌မြောက်စွာဆက်ကပ်အ‌စေခံခြင်း
  • သစ္စာရှိခြင်း
  • ရိုးသားခြင်း
  • မိသားစုစိတ်ဓါတ်ရှိခြင်း

မျှော်မှန်းချက်တာဝန် ( Mission )

မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာရ MCFB သည်

  • မျက်မမြင်များအား လူမျိုးဘာသာ ခွဲခြားမှုမရှိဘဲ စာ‌ပေ ၊ အနုပညာ ၊ သက်‌မွေး‌ကျောင်းပညာများ တတ်‌မြောက်လာ‌စေပြီး လူ့အဖွဲ့အစည်းအတွင်း တန်းတူရည်တူ ရပ်တည်နိုင်ရန် ။
  • မျက်မမြင်များကိုယ် ၊ စိတ် ၊ ဝိဉာဉ် ဖွံ့ဖြိုးတိုးတက်လာပြီး ဘုရားအမှု‌တော်မြတ်၌ နိုးကြားစွာပါဝင်၍ အတူတကွ ဝတ်ပြုကိုးကွယ် မိတ်သဟာရပြုလျက် ဆက်ကပ်အ‌စေခံရန် ။

အနာဂတ်‌မျှော်မှန်းချက် ( Vision )

မျက်စိကန်း‌သောသူတို့အားမျက်စိမြင်ပြန်ခြင်းအ‌ကြောင်းကိုပြ‌စေခြင်းငှာဤလုပ်ငန်းကိုတည် ‌ထောင်‌ဆောင်ရွက်ပါသည် ။

ပန်းတိုင်

မျက်စိကန်း‌သောသူတို့အား မျက်စိမြင်ပြန်ခြင်း အ‌ကြောင်းကို ပြ‌စေခြင်းငှာ ပြ‌သောသာသနာ

ဖွဲ့စည်းတည်ဆောက်ပုံဇယား