မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာရ MCFB သည် ( ၄.၈.၁၉၇၅ ) တွင်မျက်မမြင် ( ၁၄ ) ဦးနှင့် စတင်တည်ထောင်ခဲ့ပါသည် ။
မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာရ MCFB သည် ( ၄.၈.၁၉၇၅ ) တွင်မျက်မမြင် ( ၁၄ ) ဦးနှင့် စတင်တည်ထောင်ခဲ့ပါသည် ။
ခရစ်ယာန် မျက်မမြင်များက စတင်ခဲ့သောကြောင့် မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာရ ( မ.ခ.မ.မ ) ဟူ၍ အမည်တပ်ခေါ်ဝေါ် သုံးစွဲခဲ့ခြင်း ဖြစ်ပါသည် ။
ပြန့်ကျဲနေသော မျက်မမြင်များအား စုစည်း၍ မျက်မမြင်အကျိုးကို သယ်ပိုးနိုင်သော အသင်းအဖွဲ့တစ်ခု ပေါ်ပေါက်လာပြီး နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများတွင် မျက်မမြင်များ ကိုယ်တိုင်တပိုင်တနိုင် အားဖြည့်ဝိုင်ဝန်းဆောင်ရွက်ကြရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်း ဖြစ်သည် ။
သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ အသိအမှတ်ပြု ထောက်ခံအားပေးနိုင်ရန် ရည်ရွယ်၍ အမျိုးသားချင်းထောက်ပံ့သည့် ကရင်နှစ်ခြင်း ခရစ်ယာန်သာသနာပြု ရန်ကုန်မြို့မအသင်းတော်၏ သာသနာလုပ်ငန်းတစ်ရပ်အဖြစ် ၁၉၇၉ခုနှစ်တွင် ဝင်ရောက်ခဲ့ပါသည် ။ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီမှ လက်ခံအသိအမှတ်ပြု အားပေးခဲ့ပါသည် ။
၁၉၈၁ခုနှစ်တွင် အမျိုးသားချင်းထောက်ပံ့သည့် ကရင်နှစ်ခြင်း ခရစ်ယာန်သာသနာပြု အသင်းချုပ်ကြီး၏ သာသနာ့လုပ်ငန်းတစ်ခု ဖြစ်လာပါသည် ။
ဂျာမဏီနိုင်ငံရှိ ChristoffleBlinden Mission ( C.B.M ) ၏ လှူဒန်းထောက်ပံ့မှုဖြင့် ကိုယ်ပိုင်မြေနေရာ ၊ ရုံး ၊ အဆောက်အဦးများ ရရှိခဲ့ပါသည် ။
၁၉၉၂ခုနှစ်တွင် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် မ.ခ.မ.မကို အသိအမှတ်ပြုခဲ့ပါသည် ။
၁၉၉၆ခုနှစ်တွင် ကမ္ဘာ့မျက်မမြင်များသမဂ World Blind Union ( W.B.U ) မှအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခဲ့ပါသည် ။
မျက်မမြင်တဦးချင်းအဖြစ်ဝင်ရောက်ပိုင်ခွင့်ရှိပြီး ( ၄ ) နှစ်တစ်ကြိမ် ကျင်းပသော နှစ်ပတ်လည် အစည်းအဝေးမှ မျက်မမြင်များကို ဗဟိုအမှုုဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ၊ မျက်မမြင် များကို ချစ်ခင်ကြင်နာ ကူညီပံ့ပိုးလိုသော မိတ်ဆွေများအားလည်း ( ၄ ) နှစ်တစ်ကြိမ် ဗဟိုအမှုဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းများပြု၍ အမှုဆောင်အဖွဲ့အစည်းကို ဖွဲ့စည်းကာ မျက်မမြင်များကိုယ်တိုင် ( By the Blind ) မျက်မမြင်များ၏ အကျိုးအတွက် ( For the Blind ) ဆုံးဖြတ်ဆောင်ရွက်ကြပါသည် ။
ဖော်ပြပါလုပ်ငန်းအစီအစဉ်များအားဖြင့်မျက်မမြင်များဘက်စုံဖွံ့ဖြိုးတိုးတက်ပြီးမိမိကိုယ်တိုင်သူတပါးအားမှီခိုရသည့်ဘဝမှလွတ်မြောက်လျက်အမိမြန်မာနိုင်ငံတော်ကြီး၏စွမ်းအားစုတစ်ရပ်ဖြစ်လာစေရန်ပြုစုပျိုးထောင်ပေးပါသည် ။ သို့ဖြစ်၍ပညာတတ်မျက်မမြင်များ ၊ အသက်မွေးဝမ်းကြောင်းပညာတတ်မြောက်သူမျက်မမြင်များပေါ်ထွန်းလာစေပြီးအလုပ်အကိုင်နေရာတကျနှင့်လုပ်ငန်းကိုင်ငန်းနေရာတကျဖြစ်စေပါသည် ။
ဤသို့ပြုစုပျိုးထောင်ရာတွင်မျက်မမြင်များကိုယ်တိုင်ကျပါဝင်နိုင်ခြင်း ၊ နိုင်ငံတော်နှင့်စေတနာရှင်မိဘပြည်သူများ၏မေတ္တာကရုဏာနှင့်အလှူအထောက်အမတို့ကိုခံယူခြင်းတို့ဖြင့်ရပ်တည်အကောင်အထည်ဖော်ပါသည် ။ မေတ္တာစေတနာရှင်တို့မှလှူဒါန်းနိုင်သောနည်းလမ်းများ–
မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာရ MCFB သည်
မျက်စိကန်းသောသူတို့အားမျက်စိမြင်ပြန်ခြင်းအကြောင်းကိုပြစေခြင်းငှာဤလုပ်ငန်းကိုတည် ထောင်ဆောင်ရွက်ပါသည် ။
မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှာ ပြသောသာသနာ