မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာရ MCFB သည် ( ၄.၈.၁၉၇၅ ) တွင်မျက်မမြင် ( ၁၄ ) ဦးနှင့်စတင်တည်ထောင်ခဲ့ပါသည် ။ ခရစ်ယာန်မျက်မမြင်များက စတင်ခဲ့သောကြောင့် မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာရ ( မ.ခ.မ.မ ) ဟူ၍ အမည်တပ်ခေါ်ဝေါ်သုံးစွဲခဲ့ခြင်းဖြစ်ပါသည် ။
ဆက်ဖတ်ရန်မခမမ၏ မိတ်ဖက်အဖွဲ့အစည်းများနှင့် တွဲဖက်၍ မျက်မမြင်ကလေးများ၏ ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်း အစီအစဥ်များကို လုပ်ဆောင်ပါသည်။ အထူးသဖြင့် အခြားမသန်စွမ်းမှုရှိ မျက်မမြင် ကလေးသူငယ်များအား ပြုစုခြင်းကို တိုးချဲ့လုပ်ဆောင်နေပါသည်။
အကူအညီ လိုအပ်နေသော ကလေးငယ်များအား မေတ္တာပြ ကူညီနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
မျက်မမြင်များ အကြားအာရုံဖြင့် ဖတ်နိုင်ရန် ထုတ်လုပ်လျက်ရှိသော Audio Book များအတွက် မိမိ၏ အသံများကို လှူဒါန်းနိုင်ပါသည်။ မေတ္တာ စေတနာရှင်တို့မှလှူဒါန်းနိုင်သောနည်းလမ်းများ —