လိုအပ်မှုများ
အကူအညီ လိုအပ်နေသော ကလေးငယ်များအား မေတ္တာပြ ကူညီနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
အမိနာဒ
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ပင်တောက်ကျေးရွာတွင် နေထိုင်သော အခါလူမျိုး ဖြစ်သည်။ အဖ ဦးကျော်စိုး အမိ ဒေါမေနှင်းတို့မှ ၂၀၀၇ ခုနှစ် ဇူလိုင် ၅ ရက် သမီးလေး အမိနာဒကို မွေးဖွားခဲ့ပါသည်။ မောင်နှမ သုံးယောက်တွင် အငယ်ဆုံးသမီးလေး ဖြစ်သည်။ အသက် ၂ နှစ် အရွယ်တွင် အပြင်းဖျားကာ မျက်စိကွယ်သွားခြင်း ဖြစ်ပါသည်။ မိဘများမှာ တောင်ယာလုပ်ငန်း လုပ်ကိုင်သူများဖြစ်၍ သမီးလေး အမိနာဒကို ရန်ကုန် မျက်မမြင်ကျောင်း (ခဝဲခြံ) သို့ ဖခင်ကိုယ်တိုင် ၂၀၁၃ ခုနှစ်တွင် လာရောက်ပို့ဆောင်ခဲ့ပါသည်။ ကျောင်းသို့ ရောက်သည့် အချိန်တွင် မြန်မာစကား မပြောနိုင်သဖြင့် စတင်သင်ယူခဲ့ရပြီး ယခုအခါ တတိယတန်းတွင် ပညာဆည်းပူးလျှက် ရှိပါသည်။ မိဘများအနေဖြင့် ၎င်းတို့ သမီးလေးအား မထောက်ပံ့ပေးနိုင်ပါသဖြင့် သမီးလေး၏ အနာဂတ်အတွက် မေတ္တာပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
နန်းမိုးကြည်
ရှမ်းပြည်မြောက်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာတွင် နေထိုင်သော ပအို့ လူမျိုးများ ဖြစ်ကြသည်။ ဦးတကြပ် ဒေါနန်းဖီးတို့မှ သမီးလေး နန်းမိုးကြည်ကို ၂၀၀၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် မွေးဖွားခဲ့ပြီး သားသမီး ၄ဦးအနက် အငယ်ဆုံးသမီးလေး ဖြစ်ပါသည်။ သမီးလေး နန်းမိုးကြည်မှာ ၂ နှစ် ၆လ အရွယ်တွင် မျက်စိနာကာ တောင်ပေါဒေသတွင် ဆေးကုသမှု မရသဖြင့် မျက်စိကွယ်ခဲ့ရပါသည်။ ၎င်း၏ အနာဂတ် စိတ်ချရရန်အတွက် မိခင်ကိုယ်တိုင် ကျောင်းတွင် လာရောက် အပ်နှံခဲ့ပါသည်။ မိဘများမှာ တောင်ယာလုပ်ငန်း လုပ်ကိုင်သူများ ဖြစ်သဖြင့် သမီးလေးအား မထောက်ပံ့ပေးနိုင်ပါသဖြင့် သမီးလေး၏ အနာဂတ်အတွက် မေတ္တာပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
မပန်းအိဖြူ
မင်္ဂလာဒုံမြို့နယ် ဘောဂလမ်း ဘောဂ ရပ်ကွက်တွင်နေထိုင်သော မ ပန်းအိဖြူသည်၁၃.၅.၂၀၀၄ တွင် မွေးဖွားခဲ့ပြီး မွေးရာပါ မျက်မမြင်တဦးဖြစ်ပါသည်။မိဘနှစ်ပါးစလုံးမှာ မပန်းအိဖြူ ငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့သဖြင့် အဘွားဖြစ်သူ ဒေါ်ကြည်မြင့်နှင့် အတူနေထိုင်လာခဲ့ပြီး အဘွားဖြစ်သူမှာလည်း ကွယ်လွန်သွားခဲ့ပါသည်။ လက်ရှိတွင် မပန်းအိဖြူအား ကူညီစောင့်ရှောက်မည့်သူမရှိပါ။ ၂၀၁၅-၂၀၁၆ တွင် ရန်ကုန်မျက်မမြင်ကျောင်းသို့ Sister တဦးမှလာရောက်အပ်နှံခဲ့ပါသည်။ယခုတွင် မူလတန်းကြိုတန်းတွင် ပညာသင်ကြားလျှက်ရှိပါသည်။ ထို့ကြောင့်သမီးငယ် မပန်းအိဖြူအား မေတ္တာပြ ကူညီနိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။
မဂျီးလိန်
လားရှိုးမြို့မန်မက်ရွာတွင် နေထိုင်သော မဂျီးလိန်သည် ၁၂.၁၁.၂၀၀၀ ခုနှစ်တွင်မွေးဖွားခဲ့ပါသည်။ အသက်(၃) နှစ်အရွယ်တွင် ၀က်သက်ရောဂါဖြင့် မျက်စိကွယ်ခဲ့ရပါသည်။ မိဘများမှာ စစ်ရှောင်စခန်းတွင် နေထိုင်လျှက်ရှိပါသည်။ မဂျီးလိန်သည် ၂၀၁၅-၂၀၁၆ စာသင်နှစ်တွင် ရန်ကုန်မျက်မမြင်ကျောင်းသို့လာရောက်အပ်နှံခြင်းခံခဲ့ရပါသည်။ လက်ရှိတွင်အသုံးလုံးကို အပက်တကုတ်ကြိုးစားသင်ယူနေပါသည်။ ထို့ကြောင့်သမီးငယ်မဂျီးလိန်အား မေတ္တာပြကူညီနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ယွားဟေဘလု
သံတောင်ကြီးမြို့နယ် (ခဲချောင်းရွာ) လိပ်သိုရာဒိုတွင် နေထိုင်သော စောယွားဟေဘလုသည် ၁.၁.၂၀၀၈ တွင် မွေးဖွားခဲ့ပြီး မွေးရာပါ မျက်မမြင််တဦး ဖြစ်ပါသည်။ မွေးချင်း (၃)ဦးရှိသည့်အနက် စောယွားဟေဘလုနှင့် (၄)နှစ်အရွယ် ညီငယ်သည် အမြင်အာရုံ ချို့တဲ့ကြပါသည်။ မိဘများမှာ တောင်ယာလုပ်ငန်း ပိုင်ရှင်များထံတွင် ကျပန်းလုပ်ကိုင်ပြီး ့အသက်မွေးဝမ်းကြောင်း ပြုကြပါသည်။ မိဘများမှာပညာသင်ကြားရန် ဆင်းရဲ့နွမ်းပါးသော မိသားစုဖြစ်ပါသည်။ စောယွားဟေဘလုသည် ၂၀၁၅-၂၀၁၆ စာသင်နှစ်တွင် ရန်ကုန်မျက်မမြင်ကျောင်းသို့ ကျောင်းသားအဖြစ် လာရောက်အပ်နှံခြင်း ခံခဲ့ရပါသည်။ လက်ရှိတွင် မူလတန်းကြိုတန်းတွင် ပညာသင်ကြားလျှက် ရှိပါသည်။ ထိုကြောင့် သားငယ်ယွားဟေဘလုအား မေတ္တာပြ ကူညီနိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
မောင်ချစ်ထူးခိုင်
မောင်ချစ်ထူးခိုင်ကို (၁၅.၅.၂၀၀၆) တွင် အဖ ဦးခင်ရီ၊ အမိ ဒေါ်ခင်စမန်းမော်တို့မှ ပန်းတနော်မြို့ ချောင်းကလေး ကျေးရွာတွင် မွေးဖွားခဲ့ပါသည်။ ၎င်းသည် မွေးရာပါ မျက်စိမြင်သူကလေး ဖြစ်ပါသည်။ (၃၀.၆.၂၀၁၁)တွင် ရန်ကုန်မျက်မမြင်ကျောင်းသို့ မိခင်ကိုယ်တိုင် လာရောက်အပ်နှံ့ပြီး မူကြိုအတန်းတွင် ပညာဆည်းပူးလျက် ရှိပါသည်။ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးဖြစ်ပြီး မိဘများမှာ လယ်ယာလုပ်ကိုင်သူများ ဖြစ်သဖြင့် ကလေး၏ ကျောင်းစရိတ်ကို မတတ်နိုင်သောကြောင့် မောင်ချစ်ထူးခိုင်အား ထောက်ပံ့ခြင်းဖြင့် မေတ္တာပြနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
မအေးအေးမော်
လပ္ပတ္တာမြို့နယ်၊ မြစ်ပေါက်ရွာမတွင် နေထိုင်သော မအေးအေးမော်သည် (၂၇.၉.၁၉၉၅)နေ့တွင် ဖွားမြင်ခဲ့ပြီး မွေးရာပါ မျက်မမြင်တစ်ဦး ဖြစ်ပါသည်။ မိဘနှစ်ပါးမှာ (၂၀၀၈)ခုနှစ် နာဂစ်မုန်းတိုင်းအတွင်း ဆုံးပါးသွားခဲ့သဖြင့် အဒေါ်ဖြစ်သူနှင့် နေထိုင်ရင်း၂၀၁၃-၂၀၁၄ စာသင်နှစ်တွင် ရန်ကုန်မျက်မမြင်ကျောင်းသို့ ကျောင်းသူအဖြစ် လာရောက်အပ်နှံခြင်း ခံခဲ့ရပါသည်။ မအေးအေးမော်သည် မျက်မမြင် ဖြစ်ရုံသာမကပါ ကိုယ်ခန္ဓာမသန်စွမ်းမှုပါ ရှိနေသော သမီးငယ်တစ်ဦး ဖြစ်ပါသည် လက်ရှိတွင် အသုံးလုံးနှင့် အနှိပ်ပညာကို အပတ်တကုတ် ကြိုးစားသင်ယူနေသော သမီးငယ် မအေးအေးမော်အား မေတ္တာပြ ကူညီနိုုင်ပါသည်။
ဖိုးသာထူး
မောင်ဖိုးသာထူးကို (၃.၂.၂၀၀၆) ခုနှစ်တွင် ကျုံလဟာကျေးရွာ ကျုံးတိုင်းကြီးအုပ်စု၊ ပန်းတနော်မြို့နယ်တွင် အဘဦးခင်မောင်ဇော်နှင့် အမိဒေါ်အေးအေးခိုင်တို့မှ ဖွားမြင်ခဲ့ပါသည်။ မွေးရာပါ မျက်မမြင်ဖြစ်ပြီး မိဘများမှာ ကရင်ဗုဒ္ဓဘာသာဝင်များဖြစ်ကာ ဥယျာဉ်လုပ်သားများ ဖြစ်ကြသည်။ ထိုသားလေး၏ ရှေ့ရေးအတွက် ပညာသင်ယူနိုင်ရန် မိဘများမှ (၇.၆.၂၀၁၃) နေ့တွင် ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)သို့ လာရောက် အပ်နှံခဲ့ကြပါသည်။ (၂၀၁၃ – ၂၀၁၄) ပညာသင်နှစ်အတွင်း သူငယ်တန်းလေးတွင် စတင်သင်ကြားလျှက် ရှိပါသည်။ စာပေပညာကိုလည်း စိတ်ဝင်စားပြီး လိမ္မာရေးခြားရှိသော ကလေးငယ်ဖြစ်ပါသည်။ မောင်ဖိုးသာထူး၏ ရှေ့ဆက်ပညာရေး ဖြောင့်ဖြူးနိုင်ရန်အတွက် ပါ၀င်မေတ္တာပြ လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
အေးချမ်းဦး
အဖဦးအားဆာဖာနှင့် အမိဒေါ်နွယ်နွယ်ဦးတို့မှ သမီးလေး မအေးချမ်းဦးကို ၂၀၀၉ခုနှစ် နို၀င်ဘာလ (၂၂)ရက်နေ့တွင် ကျွန်ဟောင်ကောင်ကျေးရွာ၊ သီပေါမြို့နယ်၊ ရှမ်းပြည်မြောက်ပိုင်းတွင် မွေးဖွားခဲ့ပါသည်။ မွေးချင်းနှစ်ဦး ရှိသည့်အနက် သမီးကြီးဖြစ်ပြီး၊ မွေးရာပါ မျက်မမြင်တစ်ဦး ဖြစ်ပါသည်။ လီစူလူမျိုး၊ ခရစ်ယာန်ဘာသာဝင် ဖြစ်ပါသည်။ ဖခင်ဖြစ်သူမှာ ပြောင်းဖူးစိုက်သည့် တောင်ယာလုပ်ငန်းဖြင့် မိသားစု၏ ဝမ်းစာကို ရှာဖွေရပါသည်။ မျက်မမြင်သမီးလေး၏ ဘဝရှေ့ရေးအတွက် ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)သို့ (၂.၆.၂၀၁၄)နေ့တွင် မိဘကိုယ်တိုင် လာရောက်အပ်နှံခဲ့ပါသည်။ ယခု ပညာသင်ကြားလျက် ရှိပါသည်။ ဖခင်မှာ တောင်ယာလုပ်သား ဖြစ်သောကြောင့် သမီးလေး၏ ပညာရေးအတွက် ပညာဒါနပြုကာ မေတ္တာပြနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။