ဌာနများ

ရည်ရွယ်ချက်များ အကောင်အထည်ဖော်၍ ရည်မှန်း‌သော ပန်းတိုင်သို့‌ရောက်‌စေခြင်းငှါ‌ အောက်‌ဖော်ပြပါ လုပ်ငန်းအစီအစဉ်များအားဖြင့်‌ ဆောင်ရွက်ပါသည် ။

ရန်ကုန်မြို့၌ ( မ.ခ.မ.မ ) ၏ရုံးချုပ်တည်ရှိပြီး ရုံးတွင် အထက်‌ဖော်ပြပါဌာန ( ၃ ) ဌာနထားရှိပါသည် ။

ရန်ကုန်မျက်မမြင်‌ကျောင်းကိုမရမ်းကုန်းမြို့နယ် ၊ ခဝဲခြံ၌လည်း‌ကောင်း ၊ မြစ်ကြီးနားမျက်မမြင်‌ကျောင်းကိုမြစ်ကြီးနားမြို့နယ် ၊ ‌အေးမြသာယာရပ်ကွက်၌လည်း‌ကောင်း ၊ ပြန်လည်ထူ ‌ထောင်‌ရေးရိပ်သာများကိုမြစ်ကြီးနားမြို့နယ်လမုန်စွတ်‌ကျေးရွာ၌လည်း‌ကောင်း ၊ ရန်ကုန်တိုင်းထန်းတပင်မြို့နယ်၌လည်း‌ကောင်း ၊ အနှိပ်ခန်းများကိုမရမ်းကုန်းမြို့နယ် ၊ ခဝဲခြံ၌လည်း‌ကောင်း ၊ ‌တောင်ကြီးမြို့ ၊ ‌ရေ‌အေးကွင်းရပ်ကွက်၌လည်း‌ကောင်း ၊ ဘားအံမြို့ဥယျာဉ်လမ်း ( ကမ်းနား ) ( ၄ ) ရပ်ကွက်၌လည်း‌ကောင်းလုပ်ငန်းခွဲများအဖြစ်ထားရှိပါသည် ။

ဧဝံ‌ဂေလိနှင့်သာသနာပြု‌ရေးဌာန

Evangelism and Mission Department is one of the department of Myanmar Christian Fellowship of the Blind. Main objective are
  1. (1)Fund Raising
  2. (2)Supporting Program
      Provide
    • (a) Ages
    • (b) Poor
  3. (3) Scholarship Program
  4. (4) Training
      Provide
    • (a) Blind’s friend Training

ဆက်သွယ်ပြန်ကြား‌ရေးနှင့် သင်ကြား‌ရေးအ‌ထောက်အကူပြုပစ္စည်း ထုတ်လုပ်‌ရေးဌာန

ပြန်လည်ထူ‌ထောင်‌ရေးနှင့် အလုပ်‌နေရာချထား‌ရေးဌာနသည် မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာယ၏ လက်‌အောက်ရှိ ဌာနတစ်ခုပင်ဖြစ်သည် ။

အဓိကလုပ်‌ဆောင်‌နေ‌သောလုပ်ငန်းများမှာ ….

  • ( ၁ ) လက်မှုပစ္စည်းများထုတ်လုပ်ခြင်း ၊
  • ( ၂ ) ဂျပန်အ‌ကြောပြင် အနှိပ်အလုပ်ရုံများနှင့် အနှိပ်သင်တန်းများ‌ပေးခြင်း
  • ( ၃ ) မျက်မမြင်များအတွက် အလုပ်‌နေရာချထား‌ပေးခြင်းနှင့် လုပ်ငန်းသစ်များချဲ့ထွင်ခြင်း
  • လုပ်ငန်းအစီစဉ်များမှာ

    • ( က ) ဂျပန်အ‌ကြောပြင်အနှိပ်ရုံများဖွင့်လှစ်ခြင်း
    • ( ခ ) သင်တန်းများ‌ပေးခြင်း
        ပံ့ပိုး‌ပေး‌သောသင်တန်းများမှာ –

      • အနှိပ်သင်တန်းများ
      • လက်မှုနည်းပညာသင်တန်းများ
    • ( ဂ ) ပြန်လည်ထူ‌ထောင်ခြင်းလုပ်ငန်းများ

    ရန်ကုန်တိုင်း ၊ ထန်းတပင်မြို့နယ် ၊ အစုကြီးအုပ်စု ၊ ကျိုက်ခနာ‌ကျေးရွာတွင် မျက်မမြင်ဖြစ်ခြင်းနှင့်အတူ အခြားမသန်စွမ်းမှုကိုပါခံစား‌နေရ‌သော က‌လေးများ သက်ကြီးမျက်မမြင်များအား ‌ကျောင်းတစ်ခုထားရှိကာ လက်‌တွေ့ကျ‌သော အစီအစဉ်များဖြင့် သင်ကြား‌ပေးလျှက်ရှိပါသည် ။

    Rehabilitation training (Open new center of VIAD) at Kyit Kanar Village, Asugyi Village Track Htan Ta Pin Township. Trained the Visually Impairment with Additional Disability (VIAD) students and Ages using functional activities.

    မျက်မမြင်များအလုပ်အကိုင် ရရှိ‌ရေးအတွက် စာ‌ပေပညာနှင့် လက်မှုပညာအမျိုးမျိုးတို့ကို သင်ကြား‌ပေးလျက် ရှိရာ အနှိပ်ပညာသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည် ။ သာမန်အနှိပ်ပညာမျိုးမဟုတ်ပါ ။
    ဂျပန်နိုင်ငံရှိ အနှိပ်‌ကျောင်း‌တော်ကြီးမှ ‌ကျောင်းအုပ်ဆရာကြီးကိုယ်တိုင်လာ‌ရောက်သင်ကြားပြသခဲ့‌သော ဂျပန်အနှိပ်နည်းပညာများဖြင့် နှိပ်‌ပေး‌နေပါသည် ။

    ‌နေ့စဉ် အလုပ်တာဝန်များ‌ကြောင့် ဖြစ်‌ပေါ်လျက်ရှိ‌သော စိတ်ဓါတ်ဖိစီးမှုများ ၊ ပင်ပန်းနွမ်းနယ်မှုများ ၊ ခန္ဓာကိုယ်ရှိ‌သွေးလည်ပတ်မှုများ ၊ ခန္ဓာကိုယ်ရှိ ‌ညောင်းညာကိုက်ခဲတတ်‌သောအ‌ကြောများအားလုံးကိုထိမိစွာ နှိပ်နယ်အ‌ကြော‌လျှော့‌ပေးပါသည် ။

    စိတ်ဓါတ်ကြည်လင်‌စေပြီး ကျန်းမာအသက်ရှည်နုပျို‌စေပါသည် ။
    ‌ခြေဖဝါးအနှိပ်ပညာသည် ‌ရှေးကျပြီး အစွမ်းရှိ‌သော သဘာဝ ကုထုံးအဖြစ် ပါရှား ၊ တိဘက် ၊ အိန္ဒိယ ၊ တရုတ် နှင့် အီဂျစ်နိုင်ငံအ‌တော်များများမှ လက်‌တွေ့အသုံးချ‌သော ကုထုံးတစ်ရပ်ဖြစပါသည် ။

    ‌ခြေဖဝါးနှိပ်‌သော အနှိပ်ပညာကို လူရိုင်းအမျိုးအနွယ်များလက်‌တွေ့ကျင့်သုံးခဲ့ပြီး အာဖရိကတိုက်ရှိ လူမျိုးနွယ်စုများကလည်း ယ‌နေ့တိုင် ညီမျှမှုရှိ‌စေရန် အသုံးပြုလျက်ရှိပါသည် ။

    မ.ခ.မ.မ ရှိ မျက်မမြင် အနှိပ်ပညာရှင်များကလည်း မိမိတို့ ကျွမ်းကျင်စွာ တတ်‌မြောက်ထား‌သော အနှိပ်ပညာဖြင့် သင်၏ ကျန်းမာ‌ရေးအတွက် ဝန်‌ဆောင်မှု‌ပေးချင်ပါသည် ။
    ‌ခြေဖဝါးအနှိပ် ခံယူခြင်းဖြင့် ယခင်နှင့်မတူ ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်းများအား ပုံမှန်လည်ပတ်နိုင်‌အောင် ကူညီရာ‌ေရာက်ပါသည် ။

    ထို‌ကြောင့် ၊ မိတ်‌ဆွေ- သင်၏ကျန်းမာ‌ရေးအတွက်အ‌ရောက်လှမ်းခဲ့ပါ ။
    ကူညီ‌ဆောင်ရွက်‌ပေးပါမည် ။

    oသင်၏‌ခြေဖဝါးကို ‌စောင့်‌ရှောက်ပါ ။

    oလိုအပ်လျှင် နှိပ်နယ်ပါ ။
    သင်၏ကျန်းမာ‌ရေးကို ‌စောင့်‌ရှောက်ရာ‌ရောက်ပါသည် ။

    oမျက်မမြင် အလုပ်ရုံအစီအစဉ်မှ မျက်မမြင် အနှိပ်လုပ်သားများက ကူညီ‌ပေးလိုပါသည် ။

    အား‌ပေးခြင်းသည် ‌ပေးကမ်းခြင်းထက် သာ၍‌ကောင်း၏
    တနလာင်္‌နေ့ မှ စ‌နေ‌နေ့ အထိ
    ‌နေ့စဉ် နံနက် ( ၀၉းဝဝ ) နာရီ မှ ‌နေ့လည် ( ၁၂းဝဝ ) နာရီ
    ‌နေ့လည် ( ၀၁းဝဝ ) နာရီ မှ ည‌နေ ( ၀၆းဝဝ ) နာရီထိ

ပြန်လည်ထူ‌ထောင်‌ရေးနှင့် အလုပ်‌နေရာချထား‌ရေးဌာန

ပြန်လည်ထူ‌ထောင်‌ရေးနှင့် အလုပ်‌နေရာချထား‌ရေးဌာနသည် မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာယ၏ လက်‌အောက်ရှိ ဌာနတစ်ခုပင်ဖြစ်သည် ။

အဓိကလုပ်‌ဆောင်‌နေ‌သောလုပ်ငန်းများမှာ ….

  • ( ၁ ) လက်မှုပစ္စည်းများထုတ်လုပ်ခြင်း ၊
  • ( ၂ ) ဂျပန်အ‌ကြောပြင် အနှိပ်အလုပ်ရုံများနှင့် အနှိပ်သင်တန်းများ‌ပေးခြင်း
  • ( ၃ ) မျက်မမြင်များအတွက် အလုပ်‌နေရာချထား‌ပေးခြင်းနှင့် လုပ်ငန်းသစ်များချဲ့ထွင်ခြင်း

    လုပ်ငန်းအစီစဉ်များမှာ

    • ( က ) ဂျပန်အ‌ကြောပြင်အနှိပ်ရုံများဖွင့်လှစ်ခြင်း
    • ( ခ ) သင်တန်းများ‌ပေးခြင်း
        ပံ့ပိုး‌ပေး‌သောသင်တန်းများမှာ –

      • အနှိပ်သင်တန်းများ
      • လက်မှုနည်းပညာသင်တန်းများ
  • ( ဂ ) ပြန်လည်ထူ‌ထောင်ခြင်းလုပ်ငန်းများ

ရန်ကုန်တိုင်း ၊ ထန်းတပင်မြို့နယ် ၊ အစုကြီးအုပ်စု ၊ ကျိုက်ခနာ‌ကျေးရွာတွင် မျက်မမြင်ဖြစ်ခြင်းနှင့်အတူ အခြားမသန်စွမ်းမှုကိုပါခံစား‌နေရ‌သော က‌လေးများ သက်ကြီးမျက်မမြင်များအား ‌ကျောင်းတစ်ခုထားရှိကာ လက်‌တွေ့ကျ‌သော အစီအစဉ်များဖြင့် သင်ကြား‌ပေးလျှက်ရှိပါသည် ။

Rehabilitation training (Open new center of VIAD) at Kyit Kanar Village, Asugyi Village Track Htan Ta Pin Township. Trained the Visually Impairment with Additional Disability (VIAD) students and Ages using functional activities.

မျက်မမြင်များအလုပ်အကိုင် ရရှိ‌ရေးအတွက် စာ‌ပေပညာနှင့် လက်မှုပညာအမျိုးမျိုးတို့ကို သင်ကြား‌ပေးလျက် ရှိရာ အနှိပ်ပညာသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည် ။ သာမန်အနှိပ်ပညာမျိုးမဟုတ်ပါ ။
ဂျပန်နိုင်ငံရှိ အနှိပ်‌ကျောင်း‌တော်ကြီးမှ ‌ကျောင်းအုပ်ဆရာကြီးကိုယ်တိုင်လာ‌ရောက်သင်ကြားပြသခဲ့‌သော ဂျပန်အနှိပ်နည်းပညာများဖြင့် နှိပ်‌ပေး‌နေပါသည် ။

‌နေ့စဉ် အလုပ်တာဝန်များ‌ကြောင့် ဖြစ်‌ပေါ်လျက်ရှိ‌သော စိတ်ဓါတ်ဖိစီးမှုများ ၊ ပင်ပန်းနွမ်းနယ်မှုများ ၊ ခန္ဓာကိုယ်ရှိ‌သွေးလည်ပတ်မှုများ ၊ ခန္ဓာကိုယ်ရှိ ‌ညောင်းညာကိုက်ခဲတတ်‌သောအ‌ကြောများအားလုံးကိုထိမိစွာ နှိပ်နယ်အ‌ကြော‌လျှော့‌ပေးပါသည် ။

စိတ်ဓါတ်ကြည်လင်‌စေပြီး ကျန်းမာအသက်ရှည်နုပျို‌စေပါသည် ။
‌ခြေဖဝါးအနှိပ်ပညာသည် ‌ရှေးကျပြီး အစွမ်းရှိ‌သော သဘာဝ ကုထုံးအဖြစ် ပါရှား ၊ တိဘက် ၊ အိန္ဒိယ ၊ တရုတ် နှင့် အီဂျစ်နိုင်ငံအ‌တော်များများမှ လက်‌တွေ့အသုံးချ‌သော ကုထုံးတစ်ရပ်ဖြစပါသည် ။

‌ခြေဖဝါးနှိပ်‌သော အနှိပ်ပညာကို လူရိုင်းအမျိုးအနွယ်များလက်‌တွေ့ကျင့်သုံးခဲ့ပြီး အာဖရိကတိုက်ရှိ လူမျိုးနွယ်စုများကလည်း ယ‌နေ့တိုင် ညီမျှမှုရှိ‌စေရန် အသုံးပြုလျက်ရှိပါသည် ။

မ.ခ.မ.မ ရှိ မျက်မမြင် အနှိပ်ပညာရှင်များကလည်း မိမိတို့ ကျွမ်းကျင်စွာ တတ်‌မြောက်ထား‌သော အနှိပ်ပညာဖြင့် သင်၏ ကျန်းမာ‌ရေးအတွက် ဝန်‌ဆောင်မှု‌ပေးချင်ပါသည် ။
‌ခြေဖဝါးအနှိပ် ခံယူခြင်းဖြင့် ယခင်နှင့်မတူ ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်းများအား ပုံမှန်လည်ပတ်နိုင်‌အောင် ကူညီရာ‌ေရာက်ပါသည် ။

ထို‌ကြောင့် ၊ မိတ်‌ဆွေ- သင်၏ကျန်းမာ‌ရေးအတွက်အ‌ရောက်လှမ်းခဲ့ပါ ။
ကူညီ‌ဆောင်ရွက်‌ပေးပါမည် ။

oသင်၏‌ခြေဖဝါးကို ‌စောင့်‌ရှောက်ပါ ။

oလိုအပ်လျှင် နှိပ်နယ်ပါ ။
သင်၏ကျန်းမာ‌ရေးကို ‌စောင့်‌ရှောက်ရာ‌ရောက်ပါသည် ။

oမျက်မမြင် အလုပ်ရုံအစီအစဉ်မှ မျက်မမြင် အနှိပ်လုပ်သားများက ကူညီ‌ပေးလိုပါသည် ။

အား‌ပေးခြင်းသည် ‌ပေးကမ်းခြင်းထက် သာ၍‌ကောင်း၏
တနလာင်္‌နေ့ မှ စ‌နေ‌နေ့ အထိ
‌နေ့စဉ် နံနက် ( ၀၉းဝဝ ) နာရီ မှ ‌နေ့လည် ( ၁၂းဝဝ ) နာရီ
‌နေ့လည် ( ၀၁းဝဝ ) နာရီ မှ ည‌နေ ( ၀၆းဝဝ ) နာရီထိ

ရန်ကုန်မျက်မမြင်‌ကျောင်း

မိဘ ဆရာလက်တွဲ‌ပေးမျက်မမြင်ရင်‌သွေးဘဝ‌ရှေ့‌ရေး
‌ကျောင်းအုပ်များမှမိဘများထံသို့
မိဘများဟာလက်ဦးဆရာများဖြစ်ပါတယ် ။
ထူးချွန်ထက်မြက်‌သောမျက်မမြင်သားသမီးများဖြစ်လာရန်မိဘများ၌လည်းတာဝန်အပြည့်အဝရှိပါတယ် ။

မျက်မမြင်က‌လေးဆိုတာလည်းလူသားက‌လေး‌လေး‌တွေပါပဲ ။
စနစ်တကျ‌လေ့ကျင့်သင်ကြား‌ပေးရင် တတ်‌မြောက်လာမှာပါ ။
တခါတရံ ‌မေ့‌လျော့ရင်လည်း ထပ်‌ပြောပြသင်ကြားရမှာ‌ပေါ့ ။
‌ကျောင်းမှ ဆရာ/မများနှင့် မိဘ ဇွဲရှိရှိပူး‌ပေါင်းလုပ်‌ဆောင်ရင် မျက်မမြင်က‌လေး‌တွေရဲ့ အနာဂတ်ဟာ‌တောက်ပလာမှာပါ ။

မျက်မမြင်က‌လေးများသည်လညါး သာမာန်က‌လေးများနည်းတူ မိဘရင်‌ငွေ့ ကိုလိုအပ်ပါသည် ။
အိပ်ရာဝင်ပုံပြင်များ ‌ပြောပြခြင်း ၊ မိဘ ( သို့ ) ‌မောင်နှမများနှင့် အတူကစားခြင်း ၊ အိမ်လုပ်ငန်းတာဝန်များ သတ်မှတ်တာဝန်ခွဲ‌ဝေ‌ပေးခြင်းများ ပြုလုပ်‌ပေးသင့်ပါသည် ။

အမြင်အာရုံချို့တဲ့မှု‌ကြောင့် က‌လေးများ၏ စိတ်ခံစားမှုကို မချို့တဲ့‌စေရန် မိဘများ၌လည်း အထူးတာဝန်ရှိ‌ပေသည် ။
မျက်မမြင်က‌လေးများသည် ကျွန်ုပ်တို့ဆရာ/မများ၏ စနစ်တကျ ပြုစုပျိုး‌ထောင်မှုနှင့်အတူ မိဘများ၏ အား‌ပေးပံ့ပိုးမှုကို ထပ်ဆင့်ခံစားရမှသာ ၎င်းတို့၏ ‌အောင်မြင်မှုပန်းတိုင်ကို ‌ရောက်ရှိနိုင်မည်ဖြစ်ပါသည် ။

မိဘဆရာလက်တွဲ‌သောအခါ……
ဘဝကဘယ်လိုဘဲဖြစ်‌နေပါ‌စေ မှန်ကန်‌သော စိတ်ဓာတ်နှင့် ရင်ဆိုင်ပါက ‌အောင်မြင်မှုရှိမှာ မလွဲဧကန်အမှန်ပင် ဖြစ်ပါသည် ။
မိဘများ၏ အား‌ပေးကူညီပံပိုးမှုနှင့် ကာယကံရှင်၏ စိတ်ဓာတ်သည် ‌အောင်မြင်မှု၏ အဓိက‌သော့ချက်ဖြစ်သည် ။

ဒီလိုသင်‌ပေးပါဗျာ…………
စိတ်ညစ်လိုက်တာဗျာ. . .အ‌ဖေက‌ပြောတယ်. . ညဆိုတာ‌မှောင်တယ်. . .‌နေ့ဆိုတာလင်းတယ်တဲ့. . အဲဒါ‌တော့မသိဘူး ကျွန်‌တော်သိတာက ညဆိုရင်ပရစ်‌အော်သံ‌တွေ အများကြီးကြားရတယ်. ‌နေအပူရှိန်မခံစားရဘူး ။
‌နေ့ဆိုရင်‌တော့ ငှက်‌အော်သံ‌တွေ လူသံ‌တွေ အများကြီးကြားရတယ် ‌နေအပူရှိန် ခံစားရတယ် ။
အဲဒီလိုပဲ ကျွန်‌တော်မှတ်ထားတယ်. . ‌နောက်ကိုကျွန်‌တော်နားလည်နိုင်တဲ့နည်းနဲ့ သင်‌ပေးရင် သိပ်‌ကောင်းမှာပဲဗျာ. . .
ကျွန်‌တောတို့‌ကျောင်းမှာ‌လေ. . .
မနက် ( ၆းဝဝ ) နာရီဆို အိပ်ယာထပြီး တကိုယ်ရည်သန့်ရှင်း‌ရေးကို ကိုယ်တိုင်လုပ်ရပါတယ် ။
( ၆း၃၀ ) မှာ ဘုရားရှစ်ခိုးရပါတယ် ။
ပြီးရင်‌လေ ကြမ်းသုတ် ၊ တံမြတ်စည်းလှည်း ၊ အိမ်သာ‌ဆေးတာ‌တွေတို့ကို ‌ပျော်‌ပျော်ပါးပါးလုပ်ပြီး ‌ရေချိုး‌ကျောင်းသွားဖို့ ပြင်ဆင်ရပါတယ် ။
ည‌နေ ( ၃း၄၀ ) အထိ သင်ယူကျက်မှတ်ပြီး ည‌နေ ( ၄း၁၅ ) ‌လောက်မှာ‌တော့ ည‌နေစာ စားရပါတယ် ။
ည ( ၆းဝဝ ) မှာညဝတ်ပြုပြီး ည ( ၆း၃၀ ) မှ ( ၉းဝဝ ) နာရီ အထိ တစ်‌နေ့လုံး သင်ကြားရသမျှ‌တွေကို ပြန်လည်ကျက်မှတ်ရပါတယ် ။
ည ( ၁၀းဝဝ ) နာရီမှာ‌တော့ တစ်‌နေ့တာ ရဲ့လုပ်ငန်းစဉ်‌တွေပြီးဆုံးလို့ အိပ်စက်နား‌နေရပါ‌တော့တယ် ။

မိဘများထံသို့. . . . .
– အဓိကသိ‌စေချင်သည်မှာ မျက်မမြင်က‌လေးတစ်ဦးသည် သာမာန်က‌လေးတစ်ဦးပင်ဖြစသည် ။
မိသားစုအတွင်း၌ ၎င်းအားအပြည့်အဝပါဝင်ခွင့်‌ပေးရမည်ဖြစ်သည် ။

– အမြင်အာရုံချို့တဲ့ခြင်းသည်ဉာဏ်ရည်မမှီအားနည်းခြင်းမဟုတ်ပါ ။
ထူးခြား‌သောစွမ်းရည်များကို ဖွံ့ဖြိုး‌စေနိုင်‌သော အခွင့်အ‌ရေးတစ်ခုသာဖြစသည် ။

– အမြင်အာရုံမရှိ‌သော်လည်း အ‌တွေ့ ၊ အကြား ၊ အနံ ၊ အရသာ စ‌သောအခြားအာရုံများနှင့် ‌လောကကြီးကို စူးစမ်း‌လေ့လာသိရှိနိုင်ပါသည် ။

မျက်မမြင်က‌လေးတစ်ဦးအား ညွှန်ပြလျှင် ဟိုဘက် ၊ ဒီဘက် အသုံးအနှုန်းမျာအစား ဘယ် ၊ ညာ ၊ ‌ရှေ့ ၊ ‌နောက်စသည်ဖြင့် တိတိကျကျ လမ်းညွှန်မှု‌ပေးကူညီပါ ။

အိမ်အလုပ်လုပ်စဉ် ၊ အလည်အပတ်သွားစဉ်နှင့် ‌ဈေးသွား‌သောအခါများတွင် သင်၏မျက်မမြင်က‌လေးကို အတတ်နိုင်ဆုံး အတူတွဲ‌ခေါ် လုပ်‌ဆောင်‌စေပါ ။

ပစ္စည်းများကို အသုံးပြုပြီးတိုင်း စနစ်တကျပြန်ထားတတ်ရန် သင်၏မျက်မမြင်က‌လေးများကို ငယ်စဉ်မှစတင်သင်‌ပေးပါ ။
ဥပမာ- ကစားစရာ ၊ တစ်ကိုယ်ရည်သန့်ရှင်း‌ရေးပစ္စည်းများ ပန်းကန်ခွက်‌ယောက်များ ။

သင့်မျက်မမြင်က‌လေး၏ ကိုယ်‌နေဟန်ထား မျန်ကန်ဖို့ရန် သင်ပြပါ ။
ဥပမာ- မတ်မတ်ရပ်ရန် ၊ ကိုယ့်ကိုစကား‌ပြော‌နေသူကို မျက်နာမူတတ်ရန် ။

အခြားက‌လေးများနှင့် အတူ‌ဆော့ကစားနိုင်မည့် အခွင့်အ‌ရေးများရရန် ဖန်တီး‌ပေးပါ ။
အား‌ပေးပါ ၊
စိုးရိမ်မှုလွန်ကဲပြီး အလွန်အမင်း ကာကွယ်ပိတ်ပင်ခြင်းမပြုလုပ်ပါ ။

ရင်တွင်းစကား
သားကို‌ကျေင်းမှာ အပြီးမထားခဲ့ပါနဲ့ ။
ပညာ‌တွေတတ်ရင် ‌ဖေ‌ဖေ‌မေ‌မေတို့ကို ကူညီချင်လို့ပါ ။
ဆရာမရဲ့‌နွေး‌ထွေးတဲ့‌မေတ္တာကို ခံစားရသလို‌ဖေ‌ဖေ ၊ ‌မေ‌မေတို့ရဲ့ ‌အေးမြတဲ့‌မေတ္တာကို လည်းလိုချင်ပါတယ် ။
ညီအစ်ကို‌မောင်နှမ‌တွေနဲ့ လည်း ‌ပျော်‌ပျော်ရွှင်ရွှင်ကစားချင်ပါ‌သေးတယ် ။
အဲဒါ သမီးတို့ သားတို့ မျက်မမြင်က‌လေး‌တွေရဲ့ ရင်တွင်းက‌ပြော‌နေတဲ့စကား‌တွေပါ ။

‌စောသခို‌မော်သည် ဦးတင်ထွဋ်စိုးနှင့် ‌ဒေါ်‌ဖေါ‌စေးတို့၏ ဒုတိယသားဖြစ်ပြီး ( ၁၀ ) နှစ်သားအရွယ်မှစ၍ အမြင်အာရုံချို့တဲ့ခဲ့သဖြင့် ရန်ကုန်မျက်မမြင်‌ကျေင်း ( ခဝဲခြံ ) တွင်ပညာသင်ယူခဲ့သည် ။

( ၂၀၁၀ ) ခုနှစ်တွင် ဒသမတန်းကို‌အောင်မြင်ခဲ့ပြီး ၊ ( ၂၀၀၆ ) ခုနှစ်တွင် အင်္ဂလိပ်စာအဓိကဖြင့် ဘွဲ့ရရှိခဲ့ပါသည် ။
‌ကျောင်းအပြီးတွင် မိဘ၏ ငါး‌မွေးမြူ‌ရေးလုပ်ငန်း၌ ပါဝင်ကူညီသူအဖြစ် စတင်ခဲ့ရာမှ ယခုချိန်တွင် ကိုယ်တိုင် ဦးစီးလုပ်ကိုင်နိုင်သူ အဖြစ် သို့‌ရောက်ရှိ‌နေပြီဖြစသည် ။

သူ၏ အဓိကလုပ်‌ဆောင်မှုအပိုင်းမှာ အုပ်ချုပ်မှုအပိုင်း ၊ စီမံခန့်ခွဲ‌ရေးအပိုင်းနှင့် လုပ်ငန်းလါုအပ်ချက်များကို အကြံဉာဏ်‌ပေးခြင်းများ ဖြစ်ပါသည် ။
ထို့ပြင် ၂၀၁၃ တွင် APCD မှပြုလုပ်‌သော Perspective of Disability Inclusive Business လုပ်ငန်းရှင်များစည်း‌ဝေးသို့ မြန်မာနိုင်ငံမှ မသန်စွမ်းသူ လုပ်ငန်းရှင်တစ်ဦး အ‌နေဖြင့် တက်‌ရောက်တင်ပြ‌ဆွေး‌နွေးနိုင်သည်အထိ ‌အောင်မြင်မှု ရရှိခဲ့သည် ။
‌စောသခို‌မော်၏ ဘဝတစိတ်တပိုင်းကို ကြည့်ခြင်းအားဖြင့် မိဘ၏ အား‌ပေးမငသည် ဘတစ်ခုကို တည်‌ဆောက်‌ပေးနိုင်သည်ဟူ‌သောအချက်သည် ‌မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည် ။

ထို့‌ကြောင့် မည်သူမဆို ဆင်းရဲချမ်းသာမ‌ရွေး မိဘများ၏ အား‌ပေးပံ့ပိုးမှုသည် က‌လေးများအတွက် အဓိကအင်အားပင် ဖြစ်ပါသည် ။

မြစ်ကြီးနား မျက်မမြင်ကျောင်း

ဆောင်ပုဒ်

ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏၊
( ဖိ ၄း၁၃)

ပန်းတိုင်

ခြားနားစွမ်းသူ(Differently Able) များဖြစ်လာရေး။

လိပ်စာ – ( ၁/၂၉-၃၀) အေးမြသာယာရပ်၊
မြို့သစ်ကြီးရပ်ကွက်၊ မြစ်ကြီးနားမြို့။
ဖုန်း- ၀၇၄-၂၆၀၉၇၊၀၉-၂၄၀၁၇၂၀

၁။ ရည်ရွယ်ချက်

(က) မျက်မမြင်များတို့၏ ပညာအခြေခံတိုးမြင့်လာစေရန်။
(ခ) မိမိခြေထောက်ပေါ်မိမိရပ်တည် စားသောက်နေထိုင်နိုင်စေရန်။
(ဂ) လူအဖွဲ့အစည်းအတွင်းတန်းတူရည်တူ လူတန်းစေ့ပါ၀င်နိုင်စေရန်။

၂။ မြစ်ကြီးနား မျက်မမြင်ကျောင်းပေါ်ပေါက်လာပုံအကျဉ်း

၁၉၈၀-ပြည့်နှစ်တွင်(မခမမ)တွဲဘက် အထွေထွေအတွင်းရေးမှူး ဆရာစေတိုးပွဲ၊ အထွေထွေအတွင်းရေးမှူးဦးသိန်းလွင်တို့ရှေ့ဆင့်နောက်ဆင့်မြစ်ကြီးနားမြို့သို့တက်လျှက် မြစ်ကြီးနားခရစ်ယာန်အသင်းတော်များကောင်စီ၏ အစီအစဉ်ဖြင့်ကောင်စီဝင်အသင်းတော်များဖြစ်ကြသောကချင်နှစ်ခြင်းအသင်းတော်၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်၊ရောမကာသိုလိပ်အသင်းတော်၊ လွတ်လပ်သောခရစ်ယာန်အသင်းတော်၊ခရစ်တော်အသင်းတော်နှင့်ဧဝံဂေလိအသင်းတော် စသည့်ဂိုဏ်းပေါင်းစုံမှ သင်းအုပ်ဆရာများ၊ ဘုန်းတော်ကြီးများနှင့် တွေ့ဆုံညှိုနှိုင်းခဲ့ပါသည်။အကြောင်းမှာ ရန်ကုန်သို့လာရောက်ပညာဆည်းပူးနေကြသောမျက်မမြင်ကလေးများတွင် ကချင်တိုင်းရင်းသားများကိုအများဆုံးတွေ့ကြုံနေရသောကြောင့်ဖြစ်ပါသည်။

ထို ၁၉၈၀- ပြည့်နှစ်ဝန်းကျင်တွင် ကချင်ပြည်နယ် ၌ မျက်မမြင်ဦးရေမှာ( ၁၀၀၀၀)ခန့်ရှိနေပါသည်။
တွေ့ဆုံညှိုနှိုင်းမှု၏ အကျိုးဆက်အဖြစ်အပြည်ပြည်ဆိုင်ရာ မသန်မစွမ်းသူများနှစ်ဖြစ်သော ၁၉၈၁ -ခုနှစ် ဧပြီလ နှင့်မေလများတွင် မျက်မမြင်များ၏ တီးခတ်သီဆိုတင်ဆက်ဟောပြော သက်သေခံ၊ လေဟာပြင်ပွဲနှင့်ပြပွဲကို အမှတ်(၃) ကျောင်းဝင်းအတွင်း ၌ ဆင်ယင်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုပွဲများအပြီး စိတ်အားထက်သန်လျှက်ရှိသောမြစ်ကြီးနားခရစ်ယာန်အသင်းတော်များကောင်စီ၏သဘောတူ အားပေးမှုအရ မြစ်ကြီးနားမြို့တွင် မျက်မမြင်ကျောင်းတစ်ကျောင်းဖြစ်မြောက်ရေး ကော်မတီတစ်ရပ်ကိုဖွဲ့စည်းနိုင်ခဲ့ပါသည်။

(မခမမ) အသင်းချုပ်နှင့်ထိုဖြစ်မြောက်ရေးကော်မတီတို့ပူးပေါင်းဆောင်ရွက်ဖြင်းဖြင့် ၁၉၈၁-ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့တွင် တပ်ကုန်းရပ်ကွက် ၌ အိမ်တစ်လုံးငှားရမ်းပြီး၊ မြစ်ကြီးနားမျက်မမြင်ကျောင်းကိုစတင်ဖွင့်လှစ်ခဲ့ပါသည်။ ကချင်ပြည်နယ် ပြည်သူ့ကောင်စီ ဥက္ကဌ ဦးဖော်ယူခါးမှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထိုသို့ငှားရမ်းဖွင့်လှစ်ထားစဉ်(မခမမ)မှ ကျောင်းကော်မတီအကူအညီဖြင့် ဆက်လက်ကြိုးပန်းအားထုတ်ခဲ့ရာ ယခုလက်ရှိ(၄.၅) ဧကကျော်ရှိသော ကျောင်းဝင်းတည်ရှိရာ ဂျန်မိုင်ကောင်းခေါ် အေးမြသာယာရပ်ကွက်သို့ ၁၉၈၂-ခုနှစ်တွင် ၀ယ်ယူပြောင်းရွေ့ဖွင့်လှစ်ခဲ့ကြပါသည်။

သို့ဖြစ်၍ ကချင်မျက်မမြင် ကလေးမျာမိမိတို့နေရပ်နှင့်မဝေးကွာသောနေရာတွင် စာပေပညာ၊ လက်မှုပညာများကိုဆည်းပူးနိုင်ကြရပါသည်။ ထိုသို့ဖြစ်ပေါ်နိုင်ရေးအတွက်(မခမမ)နှင့်အတူ ဆရာတော် ဦဆဘွဲဂျွန်၊ Father နော်ဒင်၊ ဆရာတော် ဦးနော်တောင်နှင့် ဦးကရိန်ယာကုန်+ဒေါ်နန်ဒွဲ မိသားစုတို့မှ အစစအရာရာကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

၃။ကျောင်းသာအဖြစ်လက်ခံခြင်း

(က) လူမျိုးမရွေး၊ ဘာသာမရွေး၊ ပြည်ထောင်စုမြန်မာနိုင်ငံသားမျက်မမြင်များ(၅)နှစ်ပြည့်ပြီး(၂၅)နှစ်မကျော်သူများကို အခြားမသန်မစွမ်းမှုမရှိပါက ချွင်းချက်မရှိ လက်ခံပါသည်။
(ခ) (၅)နှစ်မပြည့်သေးသူများ(၂၅)နှစ်ကျော်ပြီး သူများနှင့်အခြားမသန်မစွမ်းမှုရှိသူများကိုမူ ဤကျောင်းရှိ
ရွေးချယ်စိစစ်ရေးအဖွဲ့မှ ကိုယ်တိုင်တွေ့ဆုံမေးမြန်းစိစစ်ပြီးလက်ခံပါသည်။

၄။ ကျောင်းမှတာဝန်ယူမှုများ

(က) ကျောင်းသုံးစာရေးကိရိယာ၊ စာရွက်စာတမ်းနှင့်ပုံနှိပ်စာအုပ်များ
(ခ) နံနက်စာ၊ နေ့လည်စာနှင့် ညနေစာကျွေးမွေးမှုများ။
(ဂ) ကျန်းမာရေးစောင့်ရှောက်ကုသမှု။
(ဃ) တစ်နှစ်လျှင် အနည်းဆုံးအဝတ်အစားတစ်စုံ။
(င) မိဘမရှိသူများအား လစဉ်မုန့်ဘိုး။
(စ) ရေ၊မီးနှင့် နေထိုင်ရန်အခန်းများ။

၅။ မိဘအုပ်ထိန်းသူများမှ ယူရမည့်တာဝန်များ

(က) စားစရိတ်၏(၂၀%)
(ခ) ကျောင်းဝတ်စုံတစ်စုံ(ပုဆိုး၊ထမီတစ်ထည်၊ အကျီတစ်ထည်၊ အားကစားဖိနပ်တစ်ရံ။

၆။ ကျောင်းမှသင်ကြားပြုစုပျိုးထောင်ပေးခြင်း

(က) အသက်ငယ်သူများ၊ဉာဏ်ရည်မှီသူများအားမူလတန်းမှ တက္ကသိုလ်ပညာထိ။
(ခ) အသက်ကြီးသူများ၊ ဉာဏ်ရည်မမှီသူများအား ကြိမ်၊၀ါးနှင့်တံမြက်စည်းပညာ၊ သိုးမွှေးလက်ထိုး၊ ခြေသုတ်ခုံထိုးခြင်းနှင့်
(ဂ) လွတ်လပ်စွာ သွားလာလှုပ်ရှားမှုနည်းပညာ၊နေ့စဉ် နေထိုင်အသက်ရှင်မှုပညာ၊ ပြည်သူ့နီတိနှင့်ကျန်းမာရေးပညာများတို့အား သင်ကြားပေးပါသည်။

၇။ ကျောင်းမှအသုံးစရိတ်ရရှိပုံ

(က) နိုင်ငံတော်မှ လှူဒါန်းခြင်း။
(ခ)မေတ္တာစေတနာရှင်တို့မှ လှူဒါန်းခြင်း။
(ဂ) ကိုယ့်အားကိုယ်ကိုး နည်းဖြင့်ရံပုံငွေရှာခြင်း။

၈။ မေတ္တာစေတနာရှင်များမှ လှူဒါန်းနိုင်သော နည်းလမ်းများ

(က) ရာသက်ပန်ထမ်းတစ်နပ်အလှူ။
(ခ) ငွေပဒေသာပင် စိုက်ထူခြင်းအလှူ။
(ဂ) လစဉ်အလှူ။
(ဃ) မွေးစားစေတနာရှင်အလှူ။
(င) တစ်နေ့တာ အစားအသောက်အလှူ။
(စ) ရိက္ခာ၊ လူသုံးပစ္စည်းများနှင့် ဆေးဝါးအလှူ။
(ဆ) အဆောက်အဦးအလှူ။