ထန်းပင်သာတံတား

မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ (မ.ခ.မ.မ) လက်အောက်ရှိ ထန်းတပင်မြို့နယ်၊ကျိုက္ခနာ ကျေးရွာတွင်ရှိသော ထန်းတပင် မျက်မမြင်မသန်စွမ်းရိပ်သာအတွက် အလျား(၄၁)ပေ၊ အနံ(၁၂.၆)ပေ ရှိသော ကွန်ကရစ်တံတားကို ၂၀၁၄ခုနှစ်၊ဖေဖေါ်ဝါရီလ (၈)ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည် တံတားဖွင့်တွင် သဘာပတိအဖြစ် ရန်ကုန်မျက်မမြင်ကျောင်းမှ ဒုကျောင်းအုပ်ဆရာမ နော်မြသီတာလွင် အဖွင့်ဆုတောင်းခြင်းကို S.S.K.B.M.S၏ အထွေထွေအတွင်းရေးမှူး Rev. စောသန်းထွန်းမှလည်းကောင်း၊တံတာဖြစ်မြောက်ရေးနှင့် အမှာစကားကို အမျိုးသား YMCA ဥက္ကဠဦးတင်မောင်ဆွေ မှလည်းကောင်း ကျေးဇူးတင်စကားကို (မ.ခ.မ.မ) အထွေထွေအတွင်းရေးမှူး Rev.ဦးသိန်းလွင် မှလည်းကောင်း ပြောကြားပြီး S.S.K.B.M.S၏ ဥက္ကဠစောပက်ထရစ်လူနီ မှ ဖဲကြိုးဖြတ်၍ နတ္တလင်းဗေရိ အသင်းတော်မှ Rev.စိုင်းမောင်ရွှေမှ ကောင်းချီးပေးခြင်းဖြင့် တံတားကို ဖွင့်လှစ်ခဲ့ပါသည် ဤတံတားကို Digayအဖွဲ့မှ ကျပ်ငွေငါးဆယ့်ငါးသိန်း၊အမျိုးသား YMCA မှ ကျပ်ငွေသိန်းသုံးဆယ် လှူဒါန်းထောက်ပံ့ခြင်းအားဖြင့် တည်ဆောက်နိုင်ခဲ့ခြင်း ဖြင့်ဖြစ်ပါသည်။ ၄င်းရိပ်သာမှာ အမြင်အာရုံချို့တဲ့ရုံမျှမက ညဏ်ရည်မသန်သော ကလေးများအား ပြုစုပျိုးထောင်ပေးသော ရိပ်သာဖြစ်ပါသည်။

အဆို၊ ကြိမ်ထိုးပြိုင်ပွဲ

(၂၀၁၃)ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှုများအဖြစ် မျက်မမြင် ကြိမ်ထိုးပြိုင်ပွဲနှင့် အဆိုပြိုင်ပွဲတို့ကို (၂၉.၁၁.၂၀၁၃)နေ့တွင် ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)နှင့် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းတို့တွင် ကျင်းပခဲ့ပါသည်။ ကြိမ်ထိုးပြိုင်ပွဲတွင် ရန်ကုန် မျက်မမြင်ကျောင်းမှ ကိုဘီခေက ပထမဆုကိုလည်းကောင်း ဒုတိယဆုကိုလည်းကောင်း၊ မောင်မြတ်မိုးအောင်မှ တတိယဆုကိုလည်းကောင်း ဆွတ်ခူးခဲ့ပါသည်။

ရန်ကုန် မျက်မမြင်ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲ

အာစရိယ ပူဇော်ပွဲအခမ်းအနားကို ၁၇.၂.၂၀၁၄ (တနင်္လာနေ့) နေ့လည် (၁:၃၀)နာရီတွင် ပြုလုပ်ခဲ့ပါသည်။ (မ.ခ.မ.မ)၏ အထွေထွေအတွင်းရေးမှူး ဆရာတော်ကြီး ဦးသိန်းလွင်မှ အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇီးနာဒွန်းမှ ဆုံးမသြဝါဒစကား ပြောကြားကာ ဆရာဦးမောင်ကြီး(ခ)ဦးထရူးမင်း(လှိုင်သာယာမိဘမဲ့ဂေဟာ)မှ နှုတ်ကပတ်တော် ဝေငှခဲ့ပါသည်။ အခမ်းအနားတွင် ကျောင်းသား/သူများမှ ကျောင်း၏အဓိဠါန်ဆိုပြီး သီချင်းများဖြင့် စပ်ဆိုဂုဏ်ပြုကာ ဆရာ/ဆရာမများအား ဂုဏ်ပြုခဲ့ကြပါသည်။ ၄င်းနောက် ကျွေးမွေးဧည့်ခံကာ ညနေ့(၃:၀၀)နာရီတွင် အစီအစဉ်ကို ရုတ်သိမ်းခဲ့ပါသည်။

7TH ASEAN PARA GAMES

7th ASEAN PARA GAMES ကိုနေပြည်တော်တွင် (၁၄.၁.၂၀၁၄)မှ (၂၀.၁.၂၀၁၄) နေ့ အထိပြုလုပ်ခဲ့ပါသည် မြန်မာကိုယ်စားပြု အားကစားသမားများအနက် ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)မှ အားကစားမောင်မယ် (၂၂)ဦး ပါ၀င်ခဲ့ပါသည်။ အားကစားနည်း(၉)မျိုးတွင် ပါ၀င်ယှဉ်ပြိုင်ခဲ့ရာ မျက်မမြင် စစ်တုရင်အမျိုးသမီး တစိတ်တဒေသမြင် ပွဲစဉ်၌ ရွှေတံဆိပ်(၂)ဆု၊ ငွေတံဆိပ်(၂)ဆုနှင့်
လုံးဝမမြင်ပွဲစဉ်တွင် ငွေတံဆိပ်(၁)ဆု၊ ကြေးတံဆိပ်(၁)ဆု ရရှိခဲ့ပါသည်။

စျေးရောင်းပွဲတော်

(၂၀၁၃)ခုနှစ်၊ နိုဝင်ဘာလ(၁၆) ရက်နေ့၌ (မ.ခ.မ.မ) စျေးရောင်းပွဲတော်ကို ကျောင်းဝင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ(မ.ခ.မ.မ)၏ အထွေထွေအတွင်းရေးမှူးဖြစ်သော သက္ခာတော်ဆရာကြီး ဦးသိန်းလွင်၏ ဆုတောင်းခြင်းဖြင့် အစပြုခဲ့ပါသည်။ စျေးရောင်းပွဲတော်တွင် အေးမေတ္တာ မသန်စွမ်းရိပ်မြုံနှင့် ရန်ကုန်မြို့မအသင်းတော်တို့မှ အင်တိုက်အားတိုက် ပါ၀င်မေတ္တာပြခဲ့ပါသည်။

ကျောင်းဆုပေးပွဲ

ရန်ကုန်မျက်မမြင်ကျောင်း၏၂၀၁၂-၂၀၁၃ ပညာသင်နှစ်၏ ဆုပေးပွဲအခမ်းအနားကို ၂၆.၁၀.၂၀၁၃ (စနေနေ့)တွင် နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ပြုလုပ်ကျင်းပ ခဲ့ပါသည်။ ထိုအစီအစဉ်သို့ ဗဟိုအမှုဆောင် ကော်မတီလူကြီးများနှင့် တွဲဘက်ကျောင်း အသီးသီးမှ ကျောင်းအုပ်ကြီးများ တက်ရောက်ချီးမြင့် ခဲ့ပါသည်။ ၄င်းအစီအစဉ်၌ ဆရာတော်ကြီး ဦးသိန်းလွင် (အထွေထွေအတွင်းရေးမှူးမ.ခ.မ.မ)မှ အမှာစကား ပြောကြားခဲ့ပါသည်။ ပထမပိုင်းတွင် အတန်းပညာဆုများ၊ ဓမ္မပညာဆုများ၊ ဒသမတန်းအောင်မြင်သူ(၂)ဦးအား ချီးမြင့်ခြင်းနှင့် ဆရာ/မများ၊ ကူညီသူများအားဂု ဏ်ပြုလက်ဆောင်များ ချီးမြင့်ခဲ့ပြီး ဒုတိယပိုင်းတွင် ကျောင်းသူ/သားများမှ တေးသီချင်းများ၊ အကများနှင့် ပြန်လည်ဖျော်ဖြေ တင်ဆက်ခဲ့ပါသည်။

မွေးနေ့မင်္ဂလာ

မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ (မ.ခ.မ.မ) အထွေထွေအတွင်းရေးမှူး ဖြစ်သည့် သက္ခာတော်ဆရာကြီး ဦးသိန်းလွင်၏ (၆၅)နှစ်ပြည့် မွေးနေ့ကျေးဇူးတော် ချီးမွမ်းဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို ဖေဖော်ရီလ (၄)ရက်နေ့က ကျေးဇူးတော်မြတ် အသင်းတော်၊ (အဘိုးဆရာတော်စော ထွန်းဂုဏ်ကြီး၏ အောက်မေ့ဖွယ်ဗိမာန်တော်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ တစ်ဆက်တည်းမှာပင် သမ္ဓ္ဓာကျမ်းစာ သင်ကြားခြင်းအစီအစဉ်ကို ညီအစ်ကိုများ အသင်းတော်မှ Rev.Dr ဦးတင်မောင်ထွန်းက သင်ကြားပို့ချပေးခဲ့ပြီး ဝတ်ပြုကိုးကွယ်ခြင်းတွင် Rev.ဦးသန်းထွန်းမှ ဆုတောင်းကောင်းချီးပေးခဲ့ပါသည်။ ၄င်းအပြင် ကျေးဇူးတော်မြတ် အသင်းတော်ရှိ အမျိုးသား၊ အမျိုးသမီး၊ လူငယ်များအား Bible Quiz အစီအစဉ်တစ်ရပ်ကို ပြုလုပ်ခြင်းဖြင့် ပြိုင်ပြုလုပ်ခဲ့ပါသည်။ ၄င်းနောက် နေ့လည်စာတည်ခင်း ဧည့့်ခံကျွေးမွေးခြင်းဖြင့် မွေးနေ့ပွဲကို စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ပါသည်။