မခမမ ​မိသားစုမှ ခြံဝင်းသန့်ရှင်းရေးပြုလုပ်ခြင်း Day Three

မခမမ ​မိသားစုမှ ခြံဝင်းသန့်ရှင်းရေးပြုလုပ်ခြင်း Day Two

ရန်ကုန်မျက်မမြင်ကျောင်းသားလေးများအလှည့်ကျပုဂံတိုက်ဆေးခြင်း။

မခမမ ​မိသားစုမှ ခြံဝင်းသန့်ရှင်းရေးပြုလုပ်ခြင်း Day One

နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့အကြို စာစီစာကုံးပြိုင်ပွဲ

၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် ကျရောက်သော #နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့အကြို စာစီစာကုံးပြိုင်ပွဲ

(၁၈)နှစ်အထက်ပြိုင်ပွဲဝင်များအတွက်
“ခရောင်းလမ်းမှပန်းခင်းလမ်း တုတ်ဖြူလေးနှင့်အတူလျှောက်လှမ်း”

(၁၈)နှစ်အောက် ပြိုင်ပွဲဝင်များအတွက်
“ တို့များမမေ့တုတ်ဖြူနေ့”

#ပြိုင်ပွဲစည်းကမ်းများ
ဘရေးလ် နှင့်ယှဉ်ပြိုင်မည့်သူများအတွက်
– (၁၈)နှစ်အောက် A4 5 မျက်နှာ
– (၁၈)နှစ်အထက် A4 7မျက်နှာ မှ 9 မျက်နှာခန့်
Braille , Grade-II ဖြင့်သာ ရေးသားယှဉ်ပြိုင်ရန်။
Online မှ ပေးပို့ ယှဉ်ပြိုင်မည့်သူများအတွက်
(၁၈)နှစ်အောက် A4 3မျက်နှာ
(၁၈)နှစ်အထက် A4 5 မျက်နှာ မှ 7 မျက်နှာခန့်
Unicode or Myanmar Text ဖြင့်သာ ရိုက်ရန်၊ words file နှင့်သာ ပေးပို့ရန်
မှတ်ချက်။ ဘရေးလ်စာဖြင့် ပေးပို့ယှဉ်ပြိုင်သူများအနေဖြင့်
ဦးဘရန်နန် ထံပေးပို့ရန်။
Online ဖြင့်ပေးပို့ယှဉ်ပြိုင်မည့်သူများအနေဖြင့် ဆရာတော်စောသောင်းကြည်( Viber) 09450038704
ဒေါ်ထီးယွားမူး (Viber) 09794136616 သို့ပေးပို့ရန်။

#မှတ်ချက်
၁၅.၁၀.၂၀၂၂ ၊ ည (၁၂:၀၀)နာရီ တိတိအချိန်တွင် နောက်ဆုံးထားပြီး ပေးပို့ရမည်ဖြစ်သည်။
#ပြိုင်ပွဲဝင်သူများအနေဖြင့်
အမည်
အဖအမည်
မွေးသက္ကရာဇ်
ဆက်သွယ်ရန်လိပ်စာ ၊ ဖုန်းနံပါတ် တပါတည်း ဖော်ပြ၍ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

#စည်းကမ်းချက်နှင့်မကိုက်ညီသောပြိုင်ပွဲဝင်စာမူများအားစီစစ်ရွေးချယ်မည်မဟုတ်ပါ။
ပြိင်ပွဲဝင်စာမူများသည် မည်သည့် စာနယ်ဇင်းမှ ဖော်ပြခြင်းမရှိသေးသည့် စာမူဖြစ်ရမည့်အပြင်၊ ကိုယ်တိုင်ရေး စာမူများဖြစ်ကြောင်း တာဝန်ခံရမည်ဖြစ်သည်။
ဆုကြေးငွေများ
ပထမဆု – ၂၀၀၀၀၀( နှစ်သိန်းကျပ်)
ဒုတိယဆု – ၁၀၀၀၀၀(တစ်သိန်းကျပ်)
တတိယဆု- ၇၀၀၀၀(ခုနစ်သောင်းကျပ်)
နှစ်သိမ့်ဆု- ၄၀၀၀၀(လေးသောင်းကျပ်)
#ဆုရပြိုင်ပွဲဝင်စာရင်းများကို MCFB Facebook page တွင်ကြော်ငြာဖော်ပြမည်ဖြစ်ပြီး၊ ဆုကြေးများကို K-pay , wave pay များဖြင့် လွဲပေးမည်ဖြစ်သည်။

(၄-၈-၂၀၂၂)-မခမမ(၄၇)နှစ်မြောက်မွေးနေ့၊ကျေးဇူးတော်ချီးမွမ်းခြင်း။

(၄-၈-၂၀၂၂)-မခမမ(၄၇)နှစ်မြောက်မွေးနေ့၊ကျေးဇူးတော်ချီးမွမ်းခြင်: အခမ်းအနားတွင်
ကျပန်းစကားပြောပြိုင်ပွဲ ၊
သီချင်းဆက်ပြိုင်ပွဲ ၊
ပုံဆက်ပြောပြိုင်ပွဲ များ ကျင်းပခဲ့ပြီး
ပြိုင်ပွဲဆုရသူများကို ဆုများချီးမြင့်ခဲ့ပါသည်။

ICT Training မှ ဆင့်ပွါးသော ဆရာဖြစ် ကွန်ပြူတာ သင်တန်း

ICT Training မှ ဆင့်ပွါးသော ဆရာဖြစ် ကွန်ပြူတာ သင်တန်းကို ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)မှ ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အဖဆရာတော်ကြီး မှ ဆုတောင်းဆက်ကပ်ပေးပြီး စတင်ခဲ့ပါသည်။

အမျိုးသားချင်းထောက်ပံ့သည့်ကရင်နှစ်ခြင်းခရစ်ယာန်သာသနာပြုအသင်း မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာယရွေးကောက်ပွဲဆိုင်ရာအစည်းအဝေးအစီအစဉ်

အမျိုးသားချင်းထောက်ပံ့သည့်ကရင်နှစ်ခြင်းခရစ်ယာန်သာသနာပြုအသင်း
မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာယ(မခမမ) အဖွဲ့ဝင်များ၏
ရွေးကောက်ပွဲဆိုင်ရာအစည်းအဝေးအစီအစဉ်

၁။ စည်းဝေးနိုင်ကြောင်း ကြေငြာခြင်းနှင့် အဖွင့်ဆုတောင်းခြင်း
၂။ သဘာပတိမှ အဖွင့်မိန့်ခွန်းပြောကြားခြင်း
၃။ သဘာပတိမိန့်ခွန်းအား တုန့်ပြန်ဆွေးနွေးခြင်း
၄။ မခမမ အဖွဲ့၏ အစီရင်ခံစာတင်ပြခြင်း
၅။ အခြားကိစ္စရပ်များဆွေးနွေးခြင်း
၆။ ရွေးကောက်တင်မြှောက်ခြင်းအစီအစဉ်
(က) CEC ကော်မတီဝင်များရွေးချယ်ခြင်း
(ခ) ရန်ကုန်မိတ်သဟာယ ကော်မတီဝင်များရွေးချယ်ခြင်း
(ဂ) မြစ်ကြီးနားမိတ်သဟာယကော်မတီဝင်များရွေးချယ်ခြင်း
(ဃ) လူငယ်မိတ်သဟာယကော်မတီဝင်များရွေးချယ်ခြင်း
(င) အမျိူးသမီးမိတ်သဟာယကော်မတီဝင်များရွေးချယ်ခြင်း
(စ) အမျိုးသားမိတ်သဟာယကော်မတီဝင်များရွေးချယ်ခြင်း
၇။ သဘာပတိအပိတ်မိန့်ခွန်းပြောကြားခြင်း
(၈) ဆုတောင်းခြင်းဖြင့် အစည်းအဝေးရုပ်သိမ်းခြင်း။
အစည်းအဝေးပြုလုပ်မည့်နေ့ရက် -၂၁.၅.၂၀၂၂
အစည်းအဝေးပြုလုပ်မည့်နေရာ – မခမမ ခန်းမဆောင်
အစည်းအဝေးပြုလုပ်မည့်အချိန်- နံနက်(၉:၀၀)နာရီ

မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်

(8-4-2022)မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာယ(မခမမ)တွင်မိမိ၏အချိန်နာရီနှင့်အစွမ်းသတ္တိများကို၊(35)နှစ်၊(30)နှစ်၊(25)နှစ်၊(20)နှစ်၊(10)နှစ်၊ပေးလှူဆက်ကပ်အစေခံသူများအားမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ရန်ကုန်မျက်မမြင်ကျောင်းမှ ထွက်ရှိသော လက်မှုပစ္စည်းများ ဝယ်ယူအားပေးနိုင်ပါသည်။

ရန်ကုန်မျက်မမြင်ကျောင်းမှ ထွက်ရှိသော လက်မှုပစ္စည်းများ ဝယ်ယူအားပေးနိုင်ပါသည်။
မိမိအိမ်တွင် ဆက်တင်ခုံခင်း အဖြစ်အသုံးပြုမလား၊ ကား ကူရှင်အဖြစ်အသုံးပြုမလား၊ တရားထိုင်ရာတွင်အသုံးပြုမလား၊ မိမိကြိုက်နှစ်သက်သည့်နေရာတွင် အသုံးပြုနိုင်ပါသည်။
မိမိကြိုက်နှစ်သက်သော ပုံစံ များကို အော်ဒါ လက်ခံပါသည်။
(#အားပေးခြင်းသည်ပေးကမ်းခြင်းထက်သာ၍ကောင်း၏)