ICT Training မှ ဆင့်ပွါးသော ဆရာဖြစ် ကွန်ပြူတာ သင်တန်းကို ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)မှ ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အဖဆရာတော်ကြီး မှ ဆုတောင်းဆက်ကပ်ပေးပြီး စတင်ခဲ့ပါသည်။
ICT Training မှ ဆင့်ပွါးသော ဆရာဖြစ် ကွန်ပြူတာ သင်တန်း
ICT Training မှ ဆင့်ပွါးသော ဆရာဖြစ် ကွန်ပြူတာ သင်တန်းကို ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)မှ ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အဖဆရာတော်ကြီး မှ ဆုတောင်းဆက်ကပ်ပေးပြီး စတင်ခဲ့ပါသည်။
အမျိုးသားချင်းထောက်ပံ့သည့်ကရင်နှစ်ခြင်းခရစ်ယာန်သာသနာပြုအသင်း
မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာယ(မခမမ) အဖွဲ့ဝင်များ၏
ရွေးကောက်ပွဲဆိုင်ရာအစည်းအဝေးအစီအစဉ်
၁။ စည်းဝေးနိုင်ကြောင်း ကြေငြာခြင်းနှင့် အဖွင့်ဆုတောင်းခြင်း
၂။ သဘာပတိမှ အဖွင့်မိန့်ခွန်းပြောကြားခြင်း
၃။ သဘာပတိမိန့်ခွန်းအား တုန့်ပြန်ဆွေးနွေးခြင်း
၄။ မခမမ အဖွဲ့၏ အစီရင်ခံစာတင်ပြခြင်း
၅။ အခြားကိစ္စရပ်များဆွေးနွေးခြင်း
၆။ ရွေးကောက်တင်မြှောက်ခြင်းအစီအစဉ်
(က) CEC ကော်မတီဝင်များရွေးချယ်ခြင်း
(ခ) ရန်ကုန်မိတ်သဟာယ ကော်မတီဝင်များရွေးချယ်ခြင်း
(ဂ) မြစ်ကြီးနားမိတ်သဟာယကော်မတီဝင်များရွေးချယ်ခြင်း
(ဃ) လူငယ်မိတ်သဟာယကော်မတီဝင်များရွေးချယ်ခြင်း
(င) အမျိူးသမီးမိတ်သဟာယကော်မတီဝင်များရွေးချယ်ခြင်း
(စ) အမျိုးသားမိတ်သဟာယကော်မတီဝင်များရွေးချယ်ခြင်း
၇။ သဘာပတိအပိတ်မိန့်ခွန်းပြောကြားခြင်း
(၈) ဆုတောင်းခြင်းဖြင့် အစည်းအဝေးရုပ်သိမ်းခြင်း။
အစည်းအဝေးပြုလုပ်မည့်နေ့ရက် -၂၁.၅.၂၀၂၂
အစည်းအဝေးပြုလုပ်မည့်နေရာ – မခမမ ခန်းမဆောင်
အစည်းအဝေးပြုလုပ်မည့်အချိန်- နံနက်(၉:၀၀)နာရီ
(8-4-2022)မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာယ(မခမမ)တွင်မိမိ၏အချိန်နာရီနှင့်အစွမ်းသတ္တိများကို၊(35)နှစ်၊(30)နှစ်၊(25)နှစ်၊(20)နှစ်၊(10)နှစ်၊ပေးလှူဆက်ကပ်အစေခံသူများအားမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
ရန်ကုန်မျက်မမြင်ကျောင်းမှ ထွက်ရှိသော လက်မှုပစ္စည်းများ ဝယ်ယူအားပေးနိုင်ပါသည်။
မိမိအိမ်တွင် ဆက်တင်ခုံခင်း အဖြစ်အသုံးပြုမလား၊ ကား ကူရှင်အဖြစ်အသုံးပြုမလား၊ တရားထိုင်ရာတွင်အသုံးပြုမလား၊ မိမိကြိုက်နှစ်သက်သည့်နေရာတွင် အသုံးပြုနိုင်ပါသည်။
မိမိကြိုက်နှစ်သက်သော ပုံစံ များကို အော်ဒါ လက်ခံပါသည်။
(#အားပေးခြင်းသည်ပေးကမ်းခြင်းထက်သာ၍ကောင်း၏)
‘လမ်းလျှောက်တုတ်နှင့်ကျွန်ုပ်ဘဝ’စာစီစာကုံးဆုရရှိသူများ။
(ပထမ)ဆုရ-ဆရာမဗျာမီး။
(ဒုတိယ)ဆုရ-ကိုဇော်ဆန်အောင်။
(တတိယ)ဆုရရှိသူ-ဖိုးသာထူး။
Dr. Saw Harry Nu မှ ရန်ကုန်မျက်မမြင်ကျောင်းသို့ ကို နံနက် (၁၁နာရီမှ ေန့လယ် ၃နာရီ)ထိ လာရောက် ဟောပြောသင်ကြားပေးခဲ့ပါသည်။