ပြန်လည်ထူထောင်ရေးနှင့် အလုပ်နေရာချထားရေးဌာနသည် မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာယ၏ လက်အောက်ရှိ ဌာနတစ်ခုပင်ဖြစ်သည် ။
အဓိကလုပ်ဆောင်နေသောလုပ်ငန်းများမှာ ….
- ( ၁ ) လက်မှုပစ္စည်းများထုတ်လုပ်ခြင်း ၊
- ( ၂ ) ဂျပန်အကြောပြင် အနှိပ်အလုပ်ရုံများနှင့် အနှိပ်သင်တန်းများပေးခြင်း
- ( ၃ ) မျက်မမြင်များအတွက် အလုပ်နေရာချထားပေးခြင်းနှင့် လုပ်ငန်းသစ်များချဲ့ထွင်ခြင်း
လုပ်ငန်းအစီစဉ်များမှာ
- ( က ) ဂျပန်အကြောပြင်အနှိပ်ရုံများဖွင့်လှစ်ခြင်း
- ( ခ ) သင်တန်းများပေးခြင်း
ပံ့ပိုးပေးသောသင်တန်းများမှာ –
- အနှိပ်သင်တန်းများ
- လက်မှုနည်းပညာသင်တန်းများ
- ( ဂ ) ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများ
ရန်ကုန်တိုင်း ၊ ထန်းတပင်မြို့နယ် ၊ အစုကြီးအုပ်စု ၊ ကျိုက်ခနာကျေးရွာတွင် မျက်မမြင်ဖြစ်ခြင်းနှင့်အတူ အခြားမသန်စွမ်းမှုကိုပါခံစားနေရသော ကလေးများ သက်ကြီးမျက်မမြင်များအား ကျောင်းတစ်ခုထားရှိကာ လက်တွေ့ကျသော အစီအစဉ်များဖြင့် သင်ကြားပေးလျှက်ရှိပါသည် ။
Rehabilitation training (Open new center of VIAD) at Kyit Kanar Village, Asugyi Village Track Htan Ta Pin Township. Trained the Visually Impairment with Additional Disability (VIAD) students and Ages using functional activities.
မျက်မမြင်များအလုပ်အကိုင် ရရှိရေးအတွက် စာပေပညာနှင့် လက်မှုပညာအမျိုးမျိုးတို့ကို သင်ကြားပေးလျက် ရှိရာ အနှိပ်ပညာသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည် ။ သာမန်အနှိပ်ပညာမျိုးမဟုတ်ပါ ။
ဂျပန်နိုင်ငံရှိ အနှိပ်ကျောင်းတော်ကြီးမှ ကျောင်းအုပ်ဆရာကြီးကိုယ်တိုင်လာရောက်သင်ကြားပြသခဲ့သော ဂျပန်အနှိပ်နည်းပညာများဖြင့် နှိပ်ပေးနေပါသည် ။
နေ့စဉ် အလုပ်တာဝန်များကြောင့် ဖြစ်ပေါ်လျက်ရှိသော စိတ်ဓါတ်ဖိစီးမှုများ ၊ ပင်ပန်းနွမ်းနယ်မှုများ ၊ ခန္ဓာကိုယ်ရှိသွေးလည်ပတ်မှုများ ၊ ခန္ဓာကိုယ်ရှိ ညောင်းညာကိုက်ခဲတတ်သောအကြောများအားလုံးကိုထိမိစွာ နှိပ်နယ်အကြောလျှော့ပေးပါသည် ။
စိတ်ဓါတ်ကြည်လင်စေပြီး ကျန်းမာအသက်ရှည်နုပျိုစေပါသည် ။
ခြေဖဝါးအနှိပ်ပညာသည် ရှေးကျပြီး အစွမ်းရှိသော သဘာဝ ကုထုံးအဖြစ် ပါရှား ၊ တိဘက် ၊ အိန္ဒိယ ၊ တရုတ် နှင့် အီဂျစ်နိုင်ငံအတော်များများမှ လက်တွေ့အသုံးချသော ကုထုံးတစ်ရပ်ဖြစပါသည် ။
ခြေဖဝါးနှိပ်သော အနှိပ်ပညာကို လူရိုင်းအမျိုးအနွယ်များလက်တွေ့ကျင့်သုံးခဲ့ပြီး အာဖရိကတိုက်ရှိ လူမျိုးနွယ်စုများကလည်း ယနေ့တိုင် ညီမျှမှုရှိစေရန် အသုံးပြုလျက်ရှိပါသည် ။
မ.ခ.မ.မ ရှိ မျက်မမြင် အနှိပ်ပညာရှင်များကလည်း မိမိတို့ ကျွမ်းကျင်စွာ တတ်မြောက်ထားသော အနှိပ်ပညာဖြင့် သင်၏ ကျန်းမာရေးအတွက် ဝန်ဆောင်မှုပေးချင်ပါသည် ။
ခြေဖဝါးအနှိပ် ခံယူခြင်းဖြင့် ယခင်နှင့်မတူ ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်းများအား ပုံမှန်လည်ပတ်နိုင်အောင် ကူညီရာေရာက်ပါသည် ။
ထိုကြောင့် ၊ မိတ်ဆွေ- သင်၏ကျန်းမာရေးအတွက်အရောက်လှမ်းခဲ့ပါ ။
ကူညီဆောင်ရွက်ပေးပါမည် ။
oသင်၏ခြေဖဝါးကို စောင့်ရှောက်ပါ ။
oလိုအပ်လျှင် နှိပ်နယ်ပါ ။
သင်၏ကျန်းမာရေးကို စောင့်ရှောက်ရာရောက်ပါသည် ။
oမျက်မမြင် အလုပ်ရုံအစီအစဉ်မှ မျက်မမြင် အနှိပ်လုပ်သားများက ကူညီပေးလိုပါသည် ။
အားပေးခြင်းသည် ပေးကမ်းခြင်းထက် သာ၍ကောင်း၏
တနလာင်္နေ့ မှ စနေနေ့ အထိ
နေ့စဉ် နံနက် ( ၀၉းဝဝ ) နာရီ မှ နေ့လည် ( ၁၂းဝဝ ) နာရီ
နေ့လည် ( ၀၁းဝဝ ) နာရီ မှ ညနေ ( ၀၆းဝဝ ) နာရီထိ