ကျောင်းဆုပေးပွဲ

ရန်ကုန်မျက်မမြင်ကျောင်း၏၂၀၁၂-၂၀၁၃ ပညာသင်နှစ်၏ ဆုပေးပွဲအခမ်းအနားကို ၂၆.၁၀.၂၀၁၃ (စနေနေ့)တွင် နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ပြုလုပ်ကျင်းပ ခဲ့ပါသည်။ ထိုအစီအစဉ်သို့ ဗဟိုအမှုဆောင် ကော်မတီလူကြီးများနှင့် တွဲဘက်ကျောင်း အသီးသီးမှ ကျောင်းအုပ်ကြီးများ တက်ရောက်ချီးမြင့် ခဲ့ပါသည်။ ၄င်းအစီအစဉ်၌ ဆရာတော်ကြီး ဦးသိန်းလွင် (အထွေထွေအတွင်းရေးမှူးမ.ခ.မ.မ)မှ အမှာစကား ပြောကြားခဲ့ပါသည်။ ပထမပိုင်းတွင် အတန်းပညာဆုများ၊ ဓမ္မပညာဆုများ၊ ဒသမတန်းအောင်မြင်သူ(၂)ဦးအား ချီးမြင့်ခြင်းနှင့် ဆရာ/မများ၊ ကူညီသူများအားဂု ဏ်ပြုလက်ဆောင်များ ချီးမြင့်ခဲ့ပြီး ဒုတိယပိုင်းတွင် ကျောင်းသူ/သားများမှ တေးသီချင်းများ၊ အကများနှင့် ပြန်လည်ဖျော်ဖြေ တင်ဆက်ခဲ့ပါသည်။

မွေးနေ့မင်္ဂလာ

မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ (မ.ခ.မ.မ) အထွေထွေအတွင်းရေးမှူး ဖြစ်သည့် သက္ခာတော်ဆရာကြီး ဦးသိန်းလွင်၏ (၆၅)နှစ်ပြည့် မွေးနေ့ကျေးဇူးတော် ချီးမွမ်းဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို ဖေဖော်ရီလ (၄)ရက်နေ့က ကျေးဇူးတော်မြတ် အသင်းတော်၊ (အဘိုးဆရာတော်စော ထွန်းဂုဏ်ကြီး၏ အောက်မေ့ဖွယ်ဗိမာန်တော်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ တစ်ဆက်တည်းမှာပင် သမ္ဓ္ဓာကျမ်းစာ သင်ကြားခြင်းအစီအစဉ်ကို ညီအစ်ကိုများ အသင်းတော်မှ Rev.Dr ဦးတင်မောင်ထွန်းက သင်ကြားပို့ချပေးခဲ့ပြီး ဝတ်ပြုကိုးကွယ်ခြင်းတွင် Rev.ဦးသန်းထွန်းမှ ဆုတောင်းကောင်းချီးပေးခဲ့ပါသည်။ ၄င်းအပြင် ကျေးဇူးတော်မြတ် အသင်းတော်ရှိ အမျိုးသား၊ အမျိုးသမီး၊ လူငယ်များအား Bible Quiz အစီအစဉ်တစ်ရပ်ကို ပြုလုပ်ခြင်းဖြင့် ပြိုင်ပြုလုပ်ခဲ့ပါသည်။ ၄င်းနောက် နေ့လည်စာတည်ခင်း ဧည့့်ခံကျွေးမွေးခြင်းဖြင့် မွေးနေ့ပွဲကို စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ပါသည်။