မြန်မာနိုင်ငံ မသန်စွမ်းသူများ ညီလာခံ

အရှေ့တောင်အာရှတွင် အကြီးကျယ်အခမ်းနားဆုံးသော မြန်မာနိုင်ငံ မသန်စွမ်းသူများ ညီလာခံကို ဆီဒိုးနားဟိုတယ်တွင်၂၀၁၄ခုနှစ် ဇွန်လ(၁၀-၁၂) ရက်နေ့အထိ (၃)ရက်တိုင် ကျင်းပခဲ့ပါသည်။(မ.ခ.မ.မ) အထွေထွေအတွင်းရေးမှူးမှ ကျင်းပဦးစီး ကော်မတီဥက္ကဠအဖြစ် ဆောင်ရွက်ခဲ့ပြီး မြန်မာတစ်နိုင်လုံးမှ မသန်စွမ်း ကိုယ်စားလှယ် (၅၅၀)ဦး တက်ရောက်ခဲ့ပါသည်။၄င်းတို့အနက် (မ.ခ.မ.မ)မှ ကိုယ်စားလှယ် (၄၈)ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ ကောင်စီတွင် ဧသ အမှုဆောင်အတွင်းရေးမှူး Rev. စောသောင်းကြည်နှင့် ဒေါ်ခါးရွယ်အောင်တို့မှာ ကောင်စီ၀င်များအဖြစ် ရွေးချယ်ခံခဲ့ရပါသည်။

မိုးစက်ထဲက ဖယောင်းတိုင်(မ.ခ.မ.မ) STAGE SHOW

မိုးစက်ထဲက ဖယောင်းတိုင် Stage Show အစီအစဉ်ကို (၂၀၁၄)ခုနှစ် မတ်လ (၁)ရက်နေ့တွင် မျှော်စင်ကျွန်း (ကန်တော်ကြီးကရဝိတ်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအစီအစဉ်တွင် (မ.ခ.မ.မ) The Blinds’ Reality တေးဂီတအဖွဲ့မှ တီးခတ်ပြီး နိုင်ငံကျော် အဆိုတော်များဖြစ် ကြသည့် ဇော်ပိုင်၊ ထူးအယ်လင်း၊ သျှီ အိုင်းရစ်ဇင်မာမြင့်နှင့် နီနီခင်ဇော်တို့မှ မျက်မမြင်ကလေးများနှင့်အတူ တွဲဖက်သီဆိုဖျော်ဖြေကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည် ထိုသို့ကျင်းပခဲ့ခြင်းဖြင့် အမြင်အာရုံချို့တဲ့သူ အနုပညာရှင်များ၏ အနုပညာစွမ်းရည်များကို လူထုအတွင်း ပိုမိုကျယ်ပြန့်စွာ ဖေါ်ထုတ်တင်ဆက်နိုင်ခဲ့ပါသည်။ State Show အစီအစဉ် ဖြစ်မြောက်နိုင်ရေးအတွက် ကမ္ဘောဇဘဏ်မှ Co-Sponsor အဖြစ် ပါ၀င်လှူဒန်းခဲ့ပြီး ဦးအောင်ထိုက် (စိတ်တိုင်းကျလက်ဖက်ရည်ဆိုင်) ဒေါ်မူထီးဖေါ၊ သျှီ၊အိုင်းရင်းဇင်မာမြင့်တို့မှလည်း ၀ိုင်းဝန်းလှူဒါန်းခြင်းဖြင့် ပံပိုးပေးခဲ့ပါသည်။

ပထမအကြိမ်မြောက် မျက်မမြင်များ ဟင်းချက်ပြိုင်ပွဲ

မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ ဧဝံဂေလိနှင့် သာသနာပြုရေးဌာန၊ မြို့ကြီးပြည်သူ့ သာသနာလုပ်ငန်း၊ လုပ်ငန်းခွင်ရှိ ခရစ်ယာန်များ မိတ်သဟာယမှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ (မခမမ) လက်အောက်ရှိ ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)မှ မျက်မမြင်များ၏ ဟင်ချကမပြိုင်ပွဲကို ၂၀၁၄ခုနှစ် မေလ(၁၇)ရက်နေ့၌ ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ နှစ်ခြင်းအသင်းချုပ်၊ အောက်မေ့ဘွယ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအစီအစဉ်အတွက် စာနယ်ဇင်းရှင်းလင်းပွဲကို (၂၆.၄.၁၄)နေ့တွင် ရန်ကုန်မြို့ မဟာဗန္ဓ္ဓ္ဓုလပန်းခြံလမ်းရှိ Orchid Hotel၌ ပြုလုပ်ခဲ့ရာ အလှူရှင်များ Mediaများ ကော်မတီဝင်များနှင့် ပြိုင်ပွဲဝင်အချို့ တက်ရောက်ခဲ့ပါသည်။ ပြိုင်ပွဲတွင် မထမပိုင်းအစီအစဉ်ကို ကော်မတီဝင်တစ်ဦးဖြစ်သော နန့်စပယ်သင်းမှ ဆောင်ရွက်ပြီး ဒုတိယပိုင်းအစီအစဉ်တွင် သရုပ်ဆောင် ကိုမေတ္တာမှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ဟင်းပွဲများကို လေလံတင်ရောင်းချသည့် အစီအစဉ်၌ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ် ဘဏ္ဍာထိန်းဖြစ်သည့် Rev.မန်းစံသိန်းထွန်းမှ ဦးဆောင်ရာ ပထမဆုရဟင်းပွဲကို The Rich Gems မှ သိန်း(၄၀)ဖြင့် လေလံအောင်ခဲ့ပါသည်။

အားသစ်လောင်းသင်တန်း

(မခမမ)၏ ဝန်ထမ်းနှင့် အထက်တန်းကျောင်းသူ၊ ကျောင်းသားများ အားသစ်လောင်း သင်တန်းတစ်ရပ်ကို ၂၀၁၄ခုနှစ် မေလ (၁၉)ရက်နေ့မှ (၂၄)ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသူ၊ သင်တန်းသား(၁၄၄)ဦး တက်ရောက်ခဲ့သည့်အနက် အသင်းချုပ်ကြီးမှ (၂)ဦး ပါ၀င်တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် Fruitful Company မှ ဆရာ M Din Ja ဦးဆောင်၍ (7) Mountainကို (၆)ရက်တာ သင်ကြားပို့ချ သွားခဲ့ပါသည်။

(၄နှစ်ပြည့် PADAMYAR FM)

(၂၀၁၃)ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှုများအဖြစ် မျက်မမြင် ကြိမ်ထိုးပြိုင်ပွဲနှင့် အဆိုပြိုင်ပွဲတို့ကို (၂၉.၁၁.၂၀၁၃)နေ့တွင် ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)နှင့် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းတို့တွင် ကျင်းပခဲ့ပါသည်။ကြိမ်ထိုးပြိုင်ပွဲတွင် ရန်ကုန်မျက်မမြင်ကျောင်းမှ ကိုဘီခေက ပထမဆုကိုလည်းကောင်း ဒုတိယဆုကိုလည်းကောင်း မောင်မြတ်မိုးအောင်မှ တတိယဆုကိုလည်းကောင်း ဆွတ်ခူးခဲ့ပါသည်။

နိုင်ငံတကာ မျက်မမြင်များ လမ်းလျှောက်တုတ်နေ့

၂၀၁၃ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ မျက်မမြင်များ လမ်းလျှောက်တုတ်နေ့ အထိမ်းမှတ် (၂၂)ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင်များ လမ်းလျှောက်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၏ မြို့တော်ဝန်ကြီးမှ ဦးဆောင်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဌာနများမှ ကြီးမှူးကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။နံနက်(၆:၀၀)နာရီတွင် မြို့တော်ခန်းမရှေ့၌ မြို့တော်ဝန်ကြီးမှ သေနပ်ဖေါက် တာလွှတ်ကာ လမ်းလျှောက်ပွဲကို စတင်ပါသည်။ လမ်းကြောင်းတစ်လျှောက် မိဘပြည်သူများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ ကုမ္မဏီများမှ အစားအသောက်များ၊လက်ဆောင်ပစ္စည်းများ ပေးကမ်းခြင်းဖြင့် တစ်ခဲနက်အားပေးကြပြီး မြို့တော်စည်ပင်သာယာရေးကော်မတီရုံး (မြို့တော်ခန်းမ)တွင် ပြန်လည်၍ ပန်းဝင်ကြပါသည်။ဆက်လက်၍ ဒုတိယပိုင်း အစီအစဉ်အနေဖြင့် မြို့တော်ဝန်ကြီးမှ နှုတ်ဆက်စကား ပြောကြားပြီး မျက်မမြင်ကျောင်းများနှင့် အလုပ်ရုံများအတွက် ဂုဏ်ပြုလက်ဆောင်များ ချီးမြင့်ကာ မြို့တော်ဝန်ကြီး၏ ဇနီးနှင့် မြို့တော်စည်သာယာရေးကော်မတီရှိ ဌာနမှူးများ၏ ဇနီးများမှ မျက်မမြင်ကလေးငယ်များအား မျက်မှန်များ တပ်ဆင်ပေးပါသည်။

ကျောင်းဖွင့် ဆက်ကပ်ဆုတောင်းပွဲ

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ရန်ကုန်မျက်မမြင်ကျောင်း၏ ကျောင်းဖွင့် ဆက်ကပ်ဆုတောင်းခြင်း အစီအစဉ်ကို ဇွန်(ဂ)ရက်နေ့ မွန်းလွဲ (၃:၀၀) နာရီ၌ (မ.ခ.မ.မ) ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်တွင် ဌာနဆိုင်ရာ အမှုဆောင် အတွင်းရေးမှုးများ ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် (မ.ခ.မ.မ) အထွေထွေအတွင်းရေးမှူး ဆရာတော်ကြီးဦးသိန်းလွင်မှ အဖွင့်အမှာစကား ပြောကြားပြီး၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျောင်းသား/သူ (၁၄၈)ဦး တို့အတွက် ဧဝံဂေလိနှင့် သာသနာပြုရေးဌာန အမှုဆောင်အတွင်းရေးမှူး ဆရာတော်ဦးသောင်းကြည်မှ ဆက်ကပ် ဆုတောင်းပေးခဲ့ပါသည်။

မသန်စွမ်းအားကစားပြိုင်ပွဲ

(၂၅)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများအားကစားပြိုင်ပွဲကို (၁၂.၁၀.၂၀၁၃)မှ (၁၄.၁၀.၂၀၁၃)ထိ ကျင်းပခဲ့ရာ ရန်ကုန်မျက်မမြင်ကျောင်းမှ အားကစားမောင်မယ်များ ပြေး၊ ခုန်၊ ပစ်၊ စစ်တုရင် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်(၉)ခု၊ စုစုပေါင်း(၂၂)ဆု ရရှိခဲ့ပါသည်။

ခရစ်စ္စမတ်အစီအစဉ်

မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယ (မ.ခ.မ.မ)ခ ရစ်စ္စမတ်အစီအစဉ်ကို ဒီဇင်ဘာလ (၂၄)ရက်နေ့က ကျေးဇူးတော်မြတ် အသင်းတော်ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပထမပိုင်း ၀တ်ပြုကိုးကွယ်ခြင်း အစီအစဉ်တွင် (မ.ခ.မ.မ)ဥက္ကဠ ဦးပက်ထရစ်လူနီမှ တရားဒေသနာဝေငှပြီး (မ.ခ.မ.မ)၏ ကော်မတီဝင်တစ်ဦးဖြစ်သူ သိက္ခာတော်ရ ဆရာစေဒါ၀ိဒ်မှ အထူးဆုတောင်းပေးခဲ့ပြီး ဒု-ဥက္ကဠ သိက္ခာတော်ရ ဆရာစောရွှေလင်းမှ ကောင်းချီးပေးခဲ့ပါသည်။ ဒုတိယပိုင်း အစီအစဉ်တွင် ကြွရောက်လာကြသော ကော်မတီဝင်များ၊ ကူညီသူများနှင့် ဝန်ထမ်းများအား ခရစ်စ္စမတ်လက်ဆောင်များ ပေးအပ်ကာ ကျွေးမွေးဧည့်ခံခဲ့ပါသည်။

ထန်းပင်သာတံတား

မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ (မ.ခ.မ.မ) လက်အောက်ရှိ ထန်းတပင်မြို့နယ်၊ကျိုက္ခနာ ကျေးရွာတွင်ရှိသော ထန်းတပင် မျက်မမြင်မသန်စွမ်းရိပ်သာအတွက် အလျား(၄၁)ပေ၊ အနံ(၁၂.၆)ပေ ရှိသော ကွန်ကရစ်တံတားကို ၂၀၁၄ခုနှစ်၊ဖေဖေါ်ဝါရီလ (၈)ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည် တံတားဖွင့်တွင် သဘာပတိအဖြစ် ရန်ကုန်မျက်မမြင်ကျောင်းမှ ဒုကျောင်းအုပ်ဆရာမ နော်မြသီတာလွင် အဖွင့်ဆုတောင်းခြင်းကို S.S.K.B.M.S၏ အထွေထွေအတွင်းရေးမှူး Rev. စောသန်းထွန်းမှလည်းကောင်း၊တံတာဖြစ်မြောက်ရေးနှင့် အမှာစကားကို အမျိုးသား YMCA ဥက္ကဠဦးတင်မောင်ဆွေ မှလည်းကောင်း ကျေးဇူးတင်စကားကို (မ.ခ.မ.မ) အထွေထွေအတွင်းရေးမှူး Rev.ဦးသိန်းလွင် မှလည်းကောင်း ပြောကြားပြီး S.S.K.B.M.S၏ ဥက္ကဠစောပက်ထရစ်လူနီ မှ ဖဲကြိုးဖြတ်၍ နတ္တလင်းဗေရိ အသင်းတော်မှ Rev.စိုင်းမောင်ရွှေမှ ကောင်းချီးပေးခြင်းဖြင့် တံတားကို ဖွင့်လှစ်ခဲ့ပါသည် ဤတံတားကို Digayအဖွဲ့မှ ကျပ်ငွေငါးဆယ့်ငါးသိန်း၊အမျိုးသား YMCA မှ ကျပ်ငွေသိန်းသုံးဆယ် လှူဒါန်းထောက်ပံ့ခြင်းအားဖြင့် တည်ဆောက်နိုင်ခဲ့ခြင်း ဖြင့်ဖြစ်ပါသည်။ ၄င်းရိပ်သာမှာ အမြင်အာရုံချို့တဲ့ရုံမျှမက ညဏ်ရည်မသန်သော ကလေးများအား ပြုစုပျိုးထောင်ပေးသော ရိပ်သာဖြစ်ပါသည်။