အဖဆရာတော်ကြီးမှစီစဉ်ပေးသော
ရန်ကုန်မျက်မမြင်ကျောင်းရှိ ကျောင်းသား/သူများ ဝန်ထမ်းများနှင့်
ကျောင်းဝင်းတွင်း၌ နေထိုင်ကြသော မိသားစုများ၏
နှစ်သစ် စုပေါင်းကစားခြင်း အမှတ်တရပုံရိပ်များ….
နှစ်သစ် စုပေါင်းကစားခြင်း အမှတ်တရ

အဖဆရာတော်ကြီးမှစီစဉ်ပေးသော
ရန်ကုန်မျက်မမြင်ကျောင်းရှိ ကျောင်းသား/သူများ ဝန်ထမ်းများနှင့်
ကျောင်းဝင်းတွင်း၌ နေထိုင်ကြသော မိသားစုများ၏
နှစ်သစ် စုပေါင်းကစားခြင်း အမှတ်တရပုံရိပ်များ….
မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာယမှ မျက်မမြင်များလမ်းလျှောက်တုတ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မြန်မာတစ်ပြည်လုံးအတိုင်းအတာနှင့်ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
(၁၈)နှစ်အထက်ပြိုင်ပွဲဝင်(၂၈)ဦးနှင့်(၁၈)နှစ်အောက်ပြိုင်ပွဲဝင်(၃)ဦး၊ စုစုပေါင်း (၃၁)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
၎င်းပြိုင်ပွဲဝင်များထဲမှပြိုင်ပွဲစည်းမျဉ်းစည်းကမ်းနှင့်ကိုက်ညီသူ(၁၈)နှစ်အထက်(၁၅)ဦး၊(၁၈)နှစ်အောက်(၂)ဦးတို့၏ စာစီစာကုံးများအားတေးရေး၊တေးဆို #ဒါရိုက်တာအရိုး ထံသို့ပေးပို့အကဲဖြတ်ခဲ့ရာ
(၁၈)နှစ်အထက်ဆုရသူများမှာ
ပထမဆု မရန်ပု
ဒုတိယဆု မခိုင်သန္တာမင်းမင်းဦး
တတိယဆု ဦးအောင်နိုင်ထွန်း
နှစ်သိမ့်ဆု မအားမီဆား တို့မှရရှိပြီး၊
(၁၈)နှစ်အောက် ဆုရရှိသူများမှာ
ပထမဆု မနန်းမိုးကြည်
ဒုတိယဆု မောင်ဖိုးသာထူးတို့မှရရှိခဲ့ပါသည်။
ပါဝင်ယှဉ်ပြိုင်ခဲ့သူများအား အထူးကျေးဇူးတင်ပါည်။
onlineဖြင့်ဆုလက်ခံမည့်သူများအနေဖြင့် #ဆရာတော်စောသောင်းကြည် 09797749099 သို့ဆက်သွယ်ပြီး မိမိလက်ခံမည့်k pay, wavepay account များအားပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် ကျရောက်သော #နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့အကြို စာစီစာကုံးပြိုင်ပွဲ
(၁၈)နှစ်အထက်ပြိုင်ပွဲဝင်များအတွက်
“ခရောင်းလမ်းမှပန်းခင်းလမ်း တုတ်ဖြူလေးနှင့်အတူလျှောက်လှမ်း”
(၁၈)နှစ်အောက် ပြိုင်ပွဲဝင်များအတွက်
“ တို့များမမေ့တုတ်ဖြူနေ့”
#ပြိုင်ပွဲစည်းကမ်းများ
ဘရေးလ် နှင့်ယှဉ်ပြိုင်မည့်သူများအတွက်
– (၁၈)နှစ်အောက် A4 5 မျက်နှာ
– (၁၈)နှစ်အထက် A4 7မျက်နှာ မှ 9 မျက်နှာခန့်
Braille , Grade-II ဖြင့်သာ ရေးသားယှဉ်ပြိုင်ရန်။
Online မှ ပေးပို့ ယှဉ်ပြိုင်မည့်သူများအတွက်
(၁၈)နှစ်အောက် A4 3မျက်နှာ
(၁၈)နှစ်အထက် A4 5 မျက်နှာ မှ 7 မျက်နှာခန့်
Unicode or Myanmar Text ဖြင့်သာ ရိုက်ရန်၊ words file နှင့်သာ ပေးပို့ရန်
မှတ်ချက်။ ဘရေးလ်စာဖြင့် ပေးပို့ယှဉ်ပြိုင်သူများအနေဖြင့်
ဦးဘရန်နန် ထံပေးပို့ရန်။
Online ဖြင့်ပေးပို့ယှဉ်ပြိုင်မည့်သူများအနေဖြင့် ဆရာတော်စောသောင်းကြည်( Viber) 09450038704
ဒေါ်ထီးယွားမူး (Viber) 09794136616 သို့ပေးပို့ရန်။
#မှတ်ချက်
၁၅.၁၀.၂၀၂၂ ၊ ည (၁၂:၀၀)နာရီ တိတိအချိန်တွင် နောက်ဆုံးထားပြီး ပေးပို့ရမည်ဖြစ်သည်။
#ပြိုင်ပွဲဝင်သူများအနေဖြင့်
အမည်
အဖအမည်
မွေးသက္ကရာဇ်
ဆက်သွယ်ရန်လိပ်စာ ၊ ဖုန်းနံပါတ် တပါတည်း ဖော်ပြ၍ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
#စည်းကမ်းချက်နှင့်မကိုက်ညီသောပြိုင်ပွဲဝင်စာမူများအားစီစစ်ရွေးချယ်မည်မဟုတ်ပါ။
ပြိင်ပွဲဝင်စာမူများသည် မည်သည့် စာနယ်ဇင်းမှ ဖော်ပြခြင်းမရှိသေးသည့် စာမူဖြစ်ရမည့်အပြင်၊ ကိုယ်တိုင်ရေး စာမူများဖြစ်ကြောင်း တာဝန်ခံရမည်ဖြစ်သည်။
ဆုကြေးငွေများ
ပထမဆု – ၂၀၀၀၀၀( နှစ်သိန်းကျပ်)
ဒုတိယဆု – ၁၀၀၀၀၀(တစ်သိန်းကျပ်)
တတိယဆု- ၇၀၀၀၀(ခုနစ်သောင်းကျပ်)
နှစ်သိမ့်ဆု- ၄၀၀၀၀(လေးသောင်းကျပ်)
#ဆုရပြိုင်ပွဲဝင်စာရင်းများကို MCFB Facebook page တွင်ကြော်ငြာဖော်ပြမည်ဖြစ်ပြီး၊ ဆုကြေးများကို K-pay , wave pay များဖြင့် လွဲပေးမည်ဖြစ်သည်။
(၄-၈-၂၀၂၂)-မခမမ(၄၇)နှစ်မြောက်မွေးနေ့၊ကျေးဇူးတော်ချီးမွမ်းခြင်: အခမ်းအနားတွင်
ကျပန်းစကားပြောပြိုင်ပွဲ ၊
သီချင်းဆက်ပြိုင်ပွဲ ၊
ပုံဆက်ပြောပြိုင်ပွဲ များ ကျင်းပခဲ့ပြီး
ပြိုင်ပွဲဆုရသူများကို ဆုများချီးမြင့်ခဲ့ပါသည်။
ICT Training မှ ဆင့်ပွါးသော ဆရာဖြစ် ကွန်ပြူတာ သင်တန်းကို ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)မှ ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အဖဆရာတော်ကြီး မှ ဆုတောင်းဆက်ကပ်ပေးပြီး စတင်ခဲ့ပါသည်။
အမျိုးသားချင်းထောက်ပံ့သည့်ကရင်နှစ်ခြင်းခရစ်ယာန်သာသနာပြုအသင်း
မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာယ(မခမမ) အဖွဲ့ဝင်များ၏
ရွေးကောက်ပွဲဆိုင်ရာအစည်းအဝေးအစီအစဉ်
၁။ စည်းဝေးနိုင်ကြောင်း ကြေငြာခြင်းနှင့် အဖွင့်ဆုတောင်းခြင်း
၂။ သဘာပတိမှ အဖွင့်မိန့်ခွန်းပြောကြားခြင်း
၃။ သဘာပတိမိန့်ခွန်းအား တုန့်ပြန်ဆွေးနွေးခြင်း
၄။ မခမမ အဖွဲ့၏ အစီရင်ခံစာတင်ပြခြင်း
၅။ အခြားကိစ္စရပ်များဆွေးနွေးခြင်း
၆။ ရွေးကောက်တင်မြှောက်ခြင်းအစီအစဉ်
(က) CEC ကော်မတီဝင်များရွေးချယ်ခြင်း
(ခ) ရန်ကုန်မိတ်သဟာယ ကော်မတီဝင်များရွေးချယ်ခြင်း
(ဂ) မြစ်ကြီးနားမိတ်သဟာယကော်မတီဝင်များရွေးချယ်ခြင်း
(ဃ) လူငယ်မိတ်သဟာယကော်မတီဝင်များရွေးချယ်ခြင်း
(င) အမျိူးသမီးမိတ်သဟာယကော်မတီဝင်များရွေးချယ်ခြင်း
(စ) အမျိုးသားမိတ်သဟာယကော်မတီဝင်များရွေးချယ်ခြင်း
၇။ သဘာပတိအပိတ်မိန့်ခွန်းပြောကြားခြင်း
(၈) ဆုတောင်းခြင်းဖြင့် အစည်းအဝေးရုပ်သိမ်းခြင်း။
အစည်းအဝေးပြုလုပ်မည့်နေ့ရက် -၂၁.၅.၂၀၂၂
အစည်းအဝေးပြုလုပ်မည့်နေရာ – မခမမ ခန်းမဆောင်
အစည်းအဝေးပြုလုပ်မည့်အချိန်- နံနက်(၉:၀၀)နာရီ